Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးသတ်ဖြတ်ပြီး ‌ခြောက်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးထား

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

(ပေါက်မြို့နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ပေါက်မြို့နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)

▪️ဒေသခံပြည်သူ ၃,၀၀၀ကျော် စစ်ဘေးတိမ်းရှောင် နေရ

မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦး သတ်ဖြတ်သွားပြီး ခြောက်ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံပြည်သူများထံမှ သတင်းရရှိ သည်။

အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပေါက်မြို့နယ်မြောက်ပိုင်းရှိ သနပ်ပင်ဇင်း၊ အင်းတိမ်၊ တင်ငုတ်ပြင်၊ ညောင်ရေတဲ၊ ညောင်ပင်တိုက်၊ ရေထွက်ကြီး၊ ထောက်ရှာပင်နှင့် ကန်နက်ကျေးရွာတို့ကို မတ်လ၁၄ ရက်ကတည်းက ဦးတည်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် သနပ်ပင်ဇင်းကျေးရွာမှ ပြည်သူတစ်ဦးနှင့် တင်ငုတ်ပြင်ရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ‌ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ကန်နက်ရွာအဝင်မှာ မိုင်းဆွဲလိုက်လို့ စခ(စစ်ကောင်စီတပ်)ဘက် လေး၊ငါးလောက်လောက်ထိသွားတယ်။ ထိပြီးလို့ သရက်ကန်(ပျူစောထီး)ရွာထဲကိုဝင်သွားတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရေထွက်ကြီးရွာနှင့်ညောင်ရေတဲကျေးရွာများမှ အပြစ်မဲ့ပြည်သူခြောက်ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်းလည်း သိရသည်။ ယင်းစစ်ကြောင်းသည် မတ်လ ၁၈ရက်က ညပိုင်းက သရက်ကန်ကျေးရွာကို စခန်းချရပ်နားနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ ၃,၀၀၀ကျော်မှ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မတ်လလယ်မှစတင်ပြီး စစ်ကောင်စီတပ်များသည် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။

လက်ရှိ ပခုက္ကူခရိုင်အတွင်းကို စစ်ကောင်စီက အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ဖြတ်တောက်ထားသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

You May Also Like

သတင်း

၁၉၈၉ ခုနှစ်၊စက်တင်ဘာ ၂၇ တွင်စတင်တည်​ထောင်ခဲ့​သော ALD ပါတီသည် ၁၉၉၀ ​ရွေး​ကောက်ပွဲတွင် လွှတ်​တော်​နေရာ ၁၁ ​နေရာအနိုင်ရရှိခဲ့ပြီး ၊လွှတ်​တော်​နေရာ ၃၉၂ ​နေရာအနိုင်ရရှိခဲ့​သော NLD ၊ လွှတ်​တော်​နေရာ ၂၃ ​နေရာအနိုင်ရရှိခဲ့​သော SNLD ပါတီတို့ပြီးလျှင် လွှတ်​တော်​နေရာ တတိယအများဆုံးအနိုင်ရရှိခဲ့​သောပါတီဖြစ်သည်။

သတင်း

ယမန်နေ့( မတ်လ ၁၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမှ ကျောက်မြောင်းမြို့သို့ ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးအား ကားလှန်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း X Force - LPDF - Shwebo တာဝန်ခံရဲမာန်က ပြောသည်။

သတင်း

စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မတ္တရာမြို့နယ်၊ အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့်ဒေသတွင်း PDFများ ယမန်နေ့ကအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနေသည်။