Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆင်မ​တောင်တွင်တပ်စွဲထား​သောစစ်တပ်ကို KNDF က စနိုက်ပါဖြင့်တိုက်ခိုက် ​လေးဦး​သေဟုထုတ်ပြန်

စနိုက်ပါဖြင့် ပစ်ခတ်သည့်တိုက်ပွဲတွင် KNDF တပ်ရင်း ၇ မှ တပ်၀င်(၂)ဦးမှာ မိုင်းနင်းမိ၍ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

(KNDF မှတပ်ဖွဲ့ဝသ်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-KNDF B-05)
(KNDF မှတပ်ဖွဲ့ဝသ်တစ်ဦးတိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-KNDF B-05)

▪︎KNDFတပ်ဖွဲ့ဝင် ၂ ဦးမိုင်းနင်းမိ၍ဒဏ်ရာအပြင်းအထန်ရ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဆင်မတောင် တွင်တပ်စွဲထားသော စစ်ကောင်စီ တပ်သားသုံးဦးကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦး​သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က ယနေ့ ထုတ်ပြန်သည်။

KNDF တပ်ရင်း ၁၊၅၊၆ နှင့် ၇ မှ စနိုက်ပါ အဖွဲ့များက ပူးပေါင်း၍ ဆင်မ​​တောင် တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၁၁ ရက်နေ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဟု ​ဖော်ပြထားသည်။တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ​လေး ဦးသေဆုံးကြောင်း KNDF တပ်ရင်း ၅ က အတည်ပြုသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

“ ဆင်မတောင်မှာက မနှစ်ကတည်းက စစ်ကောင်စီက အင်အား ၄၀ ကျော် ၅၀ လောက်နဲ့ တပ်စွဲထားတဲ့ နေရာ ဖြစ်တယ်” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ် က လူထုနွေဦးသို့ ပြောသည်။

စနိုက်ပါဖြင့် ပစ်ခတ်သည့်တိုက်ပွဲတွင် KNDF တပ်ရင်း ၇ မှ တပ်၀င်(၂)ဦးမှာ မိုင်းနင်းမိ၍ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

စစ်ကြောင်းများစွာဖြင့် ကရင်နီဒေသအစုံသို့ ထိုးစစ် ဆင်လာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်း တပ်များက ခုခံ တိုက်ခိုက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဒေသတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီ စခန်းများကို ကရင်နီတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

မတ်လ ၁၆ ရက်က ကရင်နီပြည် သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ၏ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုအား ကရင်နီတပ်မတော် KA၏ ကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်း ဆည်းနိုင်ခဲ့သည်။

Facebook

You May Also Like

သတင်း

"စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။"ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

နိုင်ငံတကာ

KCNA ထုတ်ပြန် ပြသထားတဲ့ ဓာတ်ပုံတွေအရ ကင်မ်ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ အဲဒီ စစ်ရေးလေ့ကျင့်ရာ နေရာမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

သတင်း

စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းသည် မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မတ်လ ၁၈ ရက် က MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့( မတ်လ ၁၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမှ ကျောက်မြောင်းမြို့သို့ ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးအား ကားလှန်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း X Force - LPDF - Shwebo တာဝန်ခံရဲမာန်က ပြောသည်။