Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကူးတွင် ရွှေလုပ်ကွက်လာစစ်ဆေးသည့် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး လေးဦးသေ

“ စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။” ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

(စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် ဒေသခံတစ်ချို့ ရွှေတူးဖော်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် ဒေသခံတစ်ချို့ ရွှေတူးဖော်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ရွှေလုပ်ကွက် လာစစ်ဆေးသည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်း ​ဗိုလ် လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ယမန်နေ့ (မတ်လ ၁၉ရက်) မွန်းလွဲ ၁နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်သို့ စစ်ဆေးရေးရန်လာသော (၆)စီးပါ စစ်ကောင်စီယာဉ်တန်းအား ရွှေလုပ်ကွက်စစ်ဆေးပြီးအပြန် နွယ်ရုံရွာနှင့် ရေမျက်ကျေးရွာကြားတွင် ပဒေသာမိုင်း(၇)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ် လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ယာဉ်(၆)စီးအနက် (၃)စီးအား မိုင်းကွင်းပေါ်‌ ရောက်ရှိချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းထိ ယာဉ်(၃)စီးအနက် တစ်စီးမှာ စက်နှိုး၍ မ‌ရအောင် ထိခိုက်ပျက်စီးသွားကာ အဆိုပါယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ ခေါင်းဆောင်က ပြောသည်။

ထို့အပြင် ကျန်ရှိယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။” ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မိုင်းကွဲသည့် အနီးနားရှိ နေအိမ်အား ဝင်ရောက်ကာ ရွှေတိုငွေစတို့ယူဆောင်သွားကြောင်း၊နွယ်ရုံမှ ရေမျက်ကျေးရွာသို့လာရာ လမ်းထိပ်တွင်လည်း စစ်ဆေးမှုများလုပ်ဆောင်နေခဲ့ပြီး ဆိုင်ကယ်(၂)စီးအား သိမ်းယူသွား‌ကြောင်း မြေပြင်စောင့်ကြည့်ရဲဘော်များက ပြောသည်။

Facebook

You May Also Like

သတင်း

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာလေးခုဖွင့်ကာ စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

သတင်း

ဥ​ရောပသမဂ္ဂ(အီးယူ)ကစစ်​ကောင်စီ၏ MOGEကိုဒဏ်ခတ်ပိတ်ဆို့အရေးယူထား​သောကြောင့် ရွှေသဘာဝဓာတ်ငွေ့ကရရှိသည် ဒေါ်လာ သန်း ၂၀၀ ခန့်မှာ စစ်ကောင်စီထံမရောက်ရှိတော့ဘဲ သီးသန့်ဘဏ်စာရင်းတွင် ထိန်းသိမ်းခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ပြောကြားလိုက်သည်။ ရွှေသဘာဝဓာတ်ငွေ့မှာ ထွက်ရှိသဘာဝဓာတ်ငွေ့များကို ကိုရီးယား POSCOက တရုတ်နိုင်ငံကိုတင်ပို့ရာတွင်ငွေပေးချေမှုကို ယူရိုငွေဖြင့် သတ်မှတ်ထားခြင်းဖြစ်သောကြောင့်အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် သက်ရောက်မှုရှိခြင်းဖြစ်သည်ဟု NUGကရှင်းပြသည်။ “EU ဆန်ရှင်က...

သတင်း

စနိုက်ပါဖြင့် ပစ်ခတ်သည့်တိုက်ပွဲတွင် KNDF တပ်ရင်း ၇ မှ တပ်၀င်(၂)ဦးမှာ မိုင်းနင်းမိ၍ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

သတင်း

မတ်လ ၁၀ရက်က ကျင်းပခဲ့သည့် အပတ်စဉ် (၅၀) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား၌ CNA စစ်ဦးစီးချုပ်က ပြောကြားခဲ့သည့် မိန့်ခွန်းရုပ်သံကို Chinland Information Centerက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။