Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် မီးလောင်ကျွန်းရွာသားနှစ်ဦးအား စစ်ကောင်စီတပ် သတ်ဖြတ်၊ ကျပ်သိန်း၂၀၀ကျော်တန် လက်ဝတ်ရတနာများ လုယူသွား

မတ်လ ၁၉ ရက်ကစတင်ကာ မီးလောင်ကျွန်းရွာသစ်တွင် နှစ်ရက်ကြာတပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်ပြည်သူများအား ထမင်းဟင်းချက်ကျွေးနေသည့် ရွာခံအပြစ်မဲ့ ‌ဒေသခံတစ်ဦးအားသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Yaylalkyun News)
(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Yaylalkyun News)

တန့်ဆည်တွင် မိုင်းထောင်စဥ် ပျူအဖွဲ့နှင့်တိုး၍ ပစ်ခတ်မှုဖြစ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မီးလောင်ကျွန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးအပါအဝင် နှစ်ဦးကိုသတ်ဖြတ်ကာ ဒေသခံပြည်သူများ၏ သိန်း၂၅၀ခန့်တန်သော လက်ဝတ်ရတနာများအား အဓမ္မလုယူသွားကြောင်း ဒေသတွင်းသတင်းရင်း​မြစ်များက ပြောသည်။

မတ်လ ၁၉ ရက်ကစတင်ကာ မီးလောင်ကျွန်းရွာသစ်တွင် နှစ်ရက်ကြာတပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်ပြည်သူများအား ထမင်းဟင်းချက်ကျွေးနေသည့် ရွာခံအပြစ်မဲ့ ‌ဒေသခံတစ်ဦးအားသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Yaylalkyun News)
(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – Yaylalkyun News)

ထို့အပြင် စိတ်ကျန်းမာရေးချို့တဲ့သည့် ရွာခံတစ်ဦးကိုလည်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ကာ PDFများဝတ်ဆင်သော အင်္ကျီဝတ်ပေးခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းပိတ်မိနေသော စစ်ရှောင်ပြည်သူများနှင့် ပြည်သူအိမ်များထံမှ သိန်း ၂၅၀ခန့် ရွှေထည်ပစ္စည်းများ လုယူ​ခြင်းနှင့် ဖုန်းများ ခိုးယူခြင်း ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

“ မိုးမလင်းသေးဘူး ဝင်လာတာ။ ဖိနပ်တောင်မပါဘူးပြေးရတာ။ ဘုန်းကြီးကျောင်းထဲ တရားနာသွားတဲ့သူတွေတောင် အဖမ်းခံရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Yaylalkyun News)
(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – Yaylalkyun News)

ထို့အပြင် ကျေးရွာရှိ နေအိမ် နှစ်လုံးအား မီးရှို့ခြင်း၊ နေအိမ်များပေါ် မစင်စွန့်ခြင်း၊ လုယက်ခိုးယူထားသောငွေများနှင့် ဘုန်းကြီးကျောင်းပေါ်တွင် အုပ်စုဖွဲ့ဖဲရိုက်ခြင်း၊ ဆိုင်ကယ် ၂၅စီးခန့်အား မီးရှို့ ဖျက်ဆီးခြင်းများလည်း ပြုလုပ်သွားကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ယနေ့ (မတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် ရေစကြိုနယ်မှတဆင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Yaylalkyun News)
(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – Yaylalkyun News)

ထို့အပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် မိုင်းထောင်စဥ် ပျူစောထီးအဖွဲ့နှင့်တိုး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၁၉ ရက် ည ၉ နာရီခန့်က တန့်ဆည်မြို့နယ်၊ ဖက်သန်းကုန်းကျေးရွာဘက်သို့ မိုင်းထောင်သွားစဥ် ပျူစောထီးများရောက်ရှိလာ၍ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ ပျူများအား (၆၀) မမ လက်လုပ်ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Yaylalkyun News)
(စစ်ကောင်စီတပ် အကြမ်းဖက်ခဲ့သည့် မီးလောင်ကျွန်းကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – Yaylalkyun News)

ထို့နောက် ပျူစောထီးများဆုတ်ခွာသွားပြီးနောက် ဆင်ထားသော မိုင်းကွင်းအတွင်းသို့ ရောက်လာ၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“ အင်အားက လေးငါးဆယ်ယောက်ပဲ။ သူတို့တက်လာတယ်ဆိုလို့။ ပထမတွေ့တာက လက်နက်ငယ်နဲ့တွေ့တာ။ နောက်ပိုင်း ကင်းကိုထုမယ်ဆိုပြီး ကင်းကိုထုလိုက်တာ။ အထိအခိုက်ကတော့ မသိသေးဘူး။ ခေါင်းပေါက်ပြီး ကျန်ခဲ့တယ်တော့ကြားတယ်။” ဟု တန့်ဆည်(ပကဖ)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုအား တပ်ရင်း (၈)တပ်ခွဲ (၁)ဖြစ်သော Guerrilla Warfare K. P. K ၊မြို့နယ်(ပ.က.ဖ)၊ စွန်ရဲနှင့်အံပွား အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

မတ်လ ၁၁ရက်က နမ်းနိန်ရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က လူသားမဆန်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် ကရင်နီအဖွဲ့အစည်း ၁၃ဖွဲ့ကမတ်လ ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းသည် မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မတ်လ ၁၈ ရက် က MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

သတင်း

မတ်လ ၁၂ရက် နံနက်မှာ နဂါးစေတီတောင်သို့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားရာ နေ့လည်ပိုင်း၌ KNDF နှင့် ပအိုဝ်းတပ် PNDF အပါအဝင် ကာကွယ်ရေးတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုသည်။