Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် KNDFမှ ရဲဘော်နှစ်ဦး ကျဆုံး

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာနေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦး အရှင်ဖမ်းမိထားသည်။

(KNDF တပ်ရင်း (၁၀)မှရဲဘော်နှစ်ဦး၏ စျာပန အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNDF)
(KNDF တပ်ရင်း (၁၀)မှရဲဘော်နှစ်ဦး၏ စျာပန အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲ၌ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့ထုတ်ပြန်သည်။

မတ်လမှစ၍ ဒေါ​ညေးခူနှင့် ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း သုံးခုဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်းအမှတ် (၁၀)မှ ရဲဘော် နှစ်ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြက်စွာကျဆုံးခဲ့ရခြင်းဟု အသိပေးထားသည်။

KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ်မှာ မတ်လ ၂၁ရက်တိုက်ပွဲအတွင်လည်ကောင်း ၊ ရဲဘော် နိုရယ်မှာ မတ်လ ၂၂ရက်တိုက်ပွဲတွင် လည်းကောင်း စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း ကျဆုံးခဲ့ရကြောင်း အသိပေးသည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်ဦးရယ်နှင့် ရဲဘော်နိုရယ်တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာနေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦး အရှင်ဖမ်းမိထားသည်။

ထို့အတူ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်ငါးဦးခန့် ကျဆုံးထားကာ နေ့စဥ်တိုက်ပွဲများ ခုခံနေရမှုကြောင့် ကျည်နှင့် ခဲယမ်းလိုအပ်ချက်များရှိနေ၍ ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံလျက်ရှိသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ အင်အား(၈၀)ခန့်ရှိသော ခမရ(၅၆၂)နှင့် ခမရ(၄၃၂) စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲနွား၊ ရိက္ခာနှင့်ငွေကြေးများ ဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

သတင်း

မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။