Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

စစ်ကောင်စီတပ်၏ အင်အား(၈၀)ခန့်ရှိသော ခမရ(၅၆၂)နှင့် ခမရ(၄၃၂) စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲနွား၊ ရိက္ခာနှင့်ငွေကြေးများ ဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်
စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

KNU တပ်မဟာ(၆)နယ်မြေထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)မှ သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တပ်ဘက်က တစ်စုံတရာ ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့် လူနာသယ်ရန်အတွက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များက မတ်လ(၁၆)ရက်မှ (၁၇)ရက်အထိ တစ်ကြိမ်၊ မတ်လ(၂၁)ရက်တွင် တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်
စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

အဆိုပါတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ လက်နက်လေးလက်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ သိမ်းဆည်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

” အနီးကပ်ပစ်ခတ်မှုလည်းရှိတယ် ကျွန်တော်တို့ဘက်က လက်နက်ကြီးနဲ့ ချေမှုန်းတာလည်းရှိတယ်ပေါ့နော်။ သူတို့ထိခိုက်ဒဏ်ရာရတာတော့ အများကြီးပေါ့။ သွေးအိုင်တွေ အသားအစအနာတွေပေ့ါ၊ အဲ့လိုမျိုးဟာတွေလည်း သူတို့အများကြီးကျန်ခဲ့တယ်ပေါ့” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် နှစ်ကြိမ်၊ ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုက်ခိုက်ခဲ့ရာ အနီးရှိကျေးရွာများသို့ ထိမှန်ခဲ့ပြီး ရွာသားတချို့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုထားသည်။

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်
စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

“ အဓိကတော့ ကျေးရွာတွေကိုပဲ သူတို့ Target(ပစ်မှတ်)ထားပြီးတော့ ဗုံးကြဲသွားတဲ့ပုံစံမျိုးပေါ့နော်။ ကျေးရွာအနီးကို သူတို့ပစ်မှတ်ထားပြီးတော့ ဗုံးကြဲသွားတယ် ” ဟု S.O.F ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်၏ အင်အား(၈၀)ခန့်ရှိသော ခမရ(၅၆၂)နှင့် ခမရ(၄၃၂) စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲနွား၊ ရိက္ခာနှင့်ငွေကြေးများ ဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

You May Also Like

သတင်း

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။

သတင်း

အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ် ၊သီတာရပ်ကွက် ၊သိင်္ဂီ လမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိခဲ့ရတယ်လို့သိရပါတယ်။

သတင်း

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာနေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦး အရှင်ဖမ်းမိထားသည်။

သတင်း

မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။