Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ငလျင်လှုပ်ခတ်မှုကြောင့် အာဖဂန်နဲ့ ပါကစ္စတန်မှာ လူဒါဇင်နဲ့ချီ သေဆုံး

မနှစ်က ဇွန်လတုန်းကလည်း အာဖဂန်ရဲ့ ပက်တီကာ ဒေသမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၂၅ နှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အာဖဂန်နဲ့ ပါကစ္စတန်မှာ လူဒါဇင်နဲ့ချီ သေဆုံး
ငလျင်လှုပ်ခတ်မှုကြောင့် အာဖဂန်နဲ့ ပါကစ္စတန်မှာ လူဒါဇင်နဲ့ချီ သေဆုံး

အင်အား ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရစ်ချ်တာစကေး ၆.၅ အဆင့်ရှိတဲ့ ငလျင်ဟာ မတ် ၂၁ ရက် ညပိုင်းက အာဖဂန်ရဲ့ ဂျွမ်းတောင်ကြား ဒေသကို ဦးတည်ပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာ တဝိုက်ဟာ ငလျင်တွေ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ ဧရိယာမျိုးပါ။

ငလျင်လှုပ်ခတ်မှုကို အာဖဂန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးရဲ့ နေရာအနှံ့ကနေ သက်ရောက် ခံစားခဲ့ရသလို အိန္ဒိယ၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ္စတန် အစရှိတဲ့ နိုင်ငံတွေရဲ့ အစိတ်အပိုင်း တချို့ကလည်း သိရှိခဲ့ရပါတယ်။ ငလျင်ကြောင့် အာဖဂန်နဲ့ ပါကစ္စတန်မှာ ဒေသခံ အများအပြားဟာ အိမ်အပြင်ကို ပြေးထွက်ခဲ့ကြပြီး တစ်ညလုံးလိုလို လမ်းပေါ်မှာပဲ အချိန်ကုန်ပြီး အိမ်ထဲကို ပြန်မဝင်ရခဲ့ကြဘူးလို့ သိရပါတယ်။

ငလျင်ကြောင့် နေအိမ် အဆောက်အအုံတချို့ ပြိုကျ ပျက်စီးမှုတွေ ရှိခဲ့သလို ငလျင်အပြီး နောက်တစ်နေ့ မနက်ပိုင်းထိ စုဆောင်း ရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၁၂ ဦးရှိပြီး ၄၀ ကျော် ဒဏ်ရာရကြောင်း အတည်ပြုထားပါတယ်။ ငလျင်ရဲ့ ဗဟိုချက် နေရာဟာ ဝေးလံ ခေါင်သီပြီး သွားရေးလာရေး ခက်ခဲတာကြောင့် အဲဒီဒေသတွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီး စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ငလျင်ဟာ ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်လို့ အာဖဂန်နိုင်ငံ၊ ကဘူးလ်မြို့တော်က သက်ကြီးရွယ်အို တစ်ဦးက BBCကို ပြောပါတယ်။ အာဖဂန်မှာ ငလျင်ကြောင့် သေဆုံးသူ ၃ ဦးထိ စာရင်း ရထားပြီးပါပြီ။

ငလျင်ရဲ့ ဗဟိုချက်ကနေ ကီလိုမီတာ ၁၀၀၀ ပတ်ပတ်လည်လောက် နေရာတွေထိ မြေလွှာ လှုပ်ရှားမှုကို ခံခဲ့ရသလို ငလျင်ဟာ စက္ကန့် ၃၀ လောက်ထိ ကြာညောင်းခဲ့တယ်လို့ သိရပါတယ်။ အာဖဂန်နဲ့ ပါကစ္စတန်တို့ဟာ ယူရေးရှားနဲ့ အိန္ဒိယ မြေအောက် ပြတ်ရွေ့ကြောတွေ စုဆုံတဲ့ နေရာပေါ်မှာ တည်ရှိနေတာကြောင့် ငလျင်တွေရဲ့ အန္တရာယ်ကို ပိုမို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။

မနှစ်က ဇွန်လတုန်းကလည်း အာဖဂန်ရဲ့ ပက်တီကာ ဒေသမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၂၅ နှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

နိုင်ငံတကာ

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက်...

သတင်း

ယမန်နေ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့်KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယခုအခါ အန္တရာယ်ကင်းသည့်နေရာအား ရောက်ရှိနေပြီဟု သိရသည်။

သတင်း

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။