Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတပ်သားများကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပေါ်တင် စစ်တင်ရေး ၄၀ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။

(မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲ CDM ဗိုလ်စွန်ရဲက ပြောသည်။

ယမန်နေ့ (မတ်လ ၂၄ရက်) ည ၁၁ နာရီဝန်းကျင်က မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာဖြင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ဘဏ်ရှေ့မှနေ၍ လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အဆိုပါ လျက်ဆားပုလင်းမိုင်းသည် စစ်သား ၆ဦးခန့် ဖုန်းစုသုံးနေသည့်နေရာအနီး ပေါက်ကွဲခဲ့၍ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဆိုသည်။

“ ၇ကောင်လောက် စုဖွဲ့နေတာကို အဝေးကနေ မြင်ရတယ်။ သူတို့တွေက ဒုတိယထပ်မှာ နေနေကြတာ။ ရှေ့မှာလည်း သဲအိတ်တွေနဲ့ ဘန်ကာလုပ်ထားကြတာပေါ့။ သူတို့ထဲက သုံးကောင်လောက်က အတော်မူးနေကြတယ်။ စကားတွေလည်း ကျယ်ကျယ်လောင်လောင် ပြောနေတော့ အလွယ်တကူပဲ ကျွန်တော်တို့ ချဥ်းကပ်နိုင်ခဲ့ပြီးစကစကင်းပုန်းကို လျက်ဆားပုလင်းနဲ့ဝင်ဖြုတ်ခဲ့တယ်။” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွန်ရဲက ပြောသည်။

စစ်ကောင်စီတပ်က နံနက် ၂နာရီကျော်ထိ သေနတ်များဖြင့် မြို့တွင်းမြို့ပြင် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

စစ်အုပ်စုဘက်က အချက်၅၀ခန့် ရမ်းသမ်းပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် PENTAGRAM မဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပေါ်တင် စစ်တင်ရေး ၄၀ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။