Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောင်းပြောင်းဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

အဆိုပါစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

(စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MPRT)
(စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MPRT)

▪️PDF ရဲဘော်သုံးဦး ကျဆုံး၊ ဒဏ်ရာရသူများလည်းရှိဟုဆို

ရှမ်း-ကယား(ကရင်နီ)နယ်စပ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း MOBYE PDF Rescue Teamက ယနေ့ ထုတ်ပြန်သည်။

အင်အားအလုံးအရင်းဖြင့် စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း​၏ လက်ပါးစေ ပအိုဝ်းပြည်သူ့စစ်(PNO)တို့ကို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့အထိ ခုခံတိုက်ခိုက်နေဆဲဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ရဟတ်ယာဉ်များနှင့် လက်နက်ကြီးများအသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်သုံးဦး တိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးဆုံးပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း အသိပေးသည်။

ထို့အပြင် MOBYE PDF Rescue Team-MPRT အတွက် အရေးပါသောအဖွဲ့ဝင်တစ်ဦးသည်လည်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ မနေ့ကဆို တိုက်လေယာဥ်နဲ့ပါ လာပစ်တာ။စခ (စစ်ကောင်စီတပ်)တွေဘက်က သေတဲ့သူများတယ်။ဒါပေမယ့် လက်ရှိစစ်ရေးအရ အတိအကျ မပြောနိုင်သေးဘူး။မြေပြင်မှာတော့ ကျွန်တော်လိုအပ်ချက်တွေများနေလို့ ကူညီပေးကြဖို့ တိုက်တွန်းပါတယ်” ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ သေနတ်တစ်လက်နှင့် ရှေ့ပြေးလူနာဆွဲကားတစ်စီးပျက်စီးခဲ့ရသည်။

တိုက်ပွဲကာလကြာမြင့်ပြီ ဖြစ်သည့်အတွက် ပြန်လည်ဖြည့်ဆည်းရန် လိုအပ်သော ဆေးနှင့် ပျက်စီးသွားသော ရှေ့ပြေးလူနာဆွဲကားအား ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း MPRက ဆိုသည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပမှ ထောက်ပို့ပြည်သူများအနေဖြင့် ကူညီပေးရန် ထုတ်ပြန်ချက်၌ မေတ္တာရပ်ခံထားသည် ။

ဖေဖော်ဝါရီ ၂၄ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်း သို့ စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်PNO ပူးပေါင်းတပ်က စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

ထို့အပြင် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း ၁၂ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

You May Also Like

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်း တပ်စွဲကာ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေဆဲဖြစ်သည်။