Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှုများရှိဟု KIA အသိပေး

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

(ကချင်ပြည်နယ် တစ်နေရာတွင် KIA တပ်သားများအား ၂၀၁၃ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ - AP)
(ကချင်ပြည်နယ် တစ်နေရာတွင် KIA တပ်သားများအား ၂၀၁၃ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ - AP)

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငှက်တံတားကေိးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ညပိုင်း အသိပေးသည်။

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

စစ်ကောင်စီတပ် ခလရ(၁၀)နှင့် ခမရ(၆၀၂) ပူးပေါင်းတပ် စစ်အင်အား ၁၀၀ကျော်ပါဝင်သည့် စစ်ကြောင်းသည် မတ်လ ၂၀ရက် ကတည်းက ရွှေကူတပ်စခန်းက ထွက်ခွာစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

မတ်လ ၂၄ရက်က ငှက်တံတားရွာတွင် စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KIAက သတင်းဖော်ပြ သည်။

ရွှေကူဒေသခံကလည်း မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဒုစစ်ကြောင်းမှူးအပါအဝင် ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ မံဝိန်းကျေးရွာအနီးတဝိုက် စစ်ရေးလှုပ်ရှားလာစဉ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KIAက သတင်းဖော်ပြသည်။

တိုက်ပွဲကြောင့် ညနေ ၃နာရီခွဲ အချိန်ကစ၍ မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ် နှစ်စီးက မံဝန်းဘုန်းကြီးကျောင်းအပါအဝင် ဝင်း၀၊ စီသာ၊စီမူလေးကျေးရွာ အနီးတဝိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေများကို မသိရသေးပေ။

You May Also Like

သတင်း

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

သတင်း

အဆိုပါစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။