Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီလူးစစ်ကြောင်းအားတိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် လေးဦးသေဟု PDF အဖွဲ့များပြော

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီးနောက် မြောင်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်ရန် မတ်လ ၁၂ ရက်တွင် အင်အား ၂၀၀ခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

(စစ်ကောင်စီ၏ဘီလူးစစ်ကြောင်းအား မဟာမိတ်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဥ်)
(စစ်ကောင်စီ၏ဘီလူးစစ်ကြောင်းအား မဟာမိတ်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းအား တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် လေးဦးသေဆုံးကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDFနှင့် မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူများက ပြောကြားသည်။

မတ်လ ၂၃ရက် နံနက် ၉နာရီခွဲခန့်က မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် တမဆေးကန်ရွာမှ မြောက်ဘက်အရပ်သို့ ထွက်လာချိန် ဒေသတွင်းမဟာမိတ်အဖွဲ့များက အသင့်စောင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မီတာ ၅၀ခန့်အတွင်း ကျွံဝင်လာသော ဘီလူးစစ်ကြောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိနစ် ၅၀ခန့်ကြာမြင့်ခဲ့သည်ဟု MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ဘီလူးစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးနေရာတွင် သေဆုံးပြီး အများအပြားထိခိုက်သွားကြောင်း၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃)မှ ရဲဘော်နှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF၏ Scout ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းမဟာမိတ်အဖွဲ့များက ပြောသည်။

Public Service Announcement
Public Service Announcement

“ ဒီဘက်ကနေစပစ်တော့ စခ(စစ်ကောင်စီ)တွေက မှန်ပြီးမှောက်သွားတာ။ ဗျူဟာမှူးတစ်ကောင်ရော ကျတဲ့ထဲပါတယ်။ ဗျူဟာမှူးကျပြီး သူ့လက်ထောက်စနိုက်ပါသမားက ခုစစ်ကြောင်းကို ဦးဆောင်နေတာ။ ဒီမနက်ပဲ မြောင်ရောက်သွားပြီ။ အင်အားက ကျောက်ရစ်ကလည်း လာပူးပေါင်းတော့ ၁၅၀ခန့်ရှိမယ်။ တိုက်ပွဲပြီးသွားတော့ ကျောက်ရစ်ကကောင်တွေက ပြန်သွားတော့ ဘီလူးစစ်ကြောင်းက ၈၀ခန့်ပဲ ကျန်တယ်။” ဟု MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃) https://www.facebook.com/profile.php?id=100087314387325၊ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF ၊Natogyi Regional Defense Force-NRDF ၊Chuang U People’s Defense Force-CHU PDF၊ နဘတ်တိုက်နယ်(ပ.က.ဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောင်နယ်တွင် ဘီလူးစစ်ကြောင်း၏ နှစ်ပတ်တာစစ်ကြောင်းထိုးခဲ့သည့်ကာလအတွင်း အခြေအနေနှင့်ပတ်သက်၍ SPDF -မြင်းခြံခရိုင်တပ်ရင်း (၃) တာဝန်ရှိသူက” (စစ်ကောင်စီဘက်ကသေဆုံးမှု) ခန့်မှန်းခြေစုစုပေါင်း ၅၀ နီးပါးလောက်ရှိမယ်။ ဒဏ်ရာရတဲ့သူလည်းတော်တော်များတယ်။ မနေ့ကတိုက်ပွဲထပ်ဖြစ်တယ်။ ကိုယ့်ဘက်က ငါးယောက်ကျတယ်လို့ သိရတယ်။ ခု(မတ်လ၂၃ရက်) တိုက်ပွဲကတော့ ကျွန်တော်တို့ တပ်ရင်းနဲ့ တခြားမဟာတွေ အပါအဝင်ပေါ့ အနီးကပ်ဖြစ်တာဆိုတော့ ကျတာလည်း မျက်မြင်ဆိုတော့ သေချာပြောနိုင်တယ်။” ဟု ပြောသည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီးနောက် မြောင်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်ရန် မတ်လ ၁၂ ရက်တွင် အင်အား ၂၀၀ခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းအား ဒေသတွင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ မတ်လ ၁၅ရက်တွင် ၈ ဦး ၊ M2W ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၆ဦး ၊ ၁၆ရက်တွင် ၉ ဦး၊ ၂၁ ရက်တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် ၁၉ ဦး စုစုပေါင်း ၄၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကြောင့် PDFစခန်းနှစ်ခုစီးနင်းမီးရှို့ခံရပြီး ရဲဘော်တစ်ဦးကျဆုံးကာ ဒေသခံပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ပြည်သူများ၏ နေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ လက်ဝတ်လက်စားနှင့်အဖိုးတန်ပစ္စည်းများစွာ သိမ်းဆည်းခံခဲ့ရသည်။

You May Also Like

သတင်း

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သတင်း

ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနှင့်အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး ယခုလ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။