Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်နယ်ရှိ သားရိုးကုန်းရွာ စစ်အုပ်စုမီးရှို့၍ ရွာလုံးကျွတ်နီးပါးပြာကျပြီး ဘိုးဘွားခုနစ်ဦး မီးလောင်သေဆုံး

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ သားရိုးကုန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါးပျက်စီးပြီး ​မသန်စွမ်းသူများအပါအဝင် အဘိုးအဘွား ခုနစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၃၀၀နီးပါး မီးလောင်ပျက်စီးခဲ့ပြီး သက်ကြီးရွယ်အို ဘိုးဘွား ခုနစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

မီးလောင်သေဆုံးသူများတွင် မျက်မမြင်အဘွားအို နှစ်ဦးနှင့် လေဖြတ်ထားသည့် အဘွားအို နှစ်ဦး အပါအဝင် အဘွားအို ငါးဦး၊ အဘိုးအို နှစ်ဦး စုစုပေါင်း ပါဝင်ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ သားရိုးကုန်းရွာရောက်ပြီးမှ နောက်ပြန်ရှို့တာ။လူကြီးတွေက နေခဲ့မယ်ဘာမှမဖြစ်ဘူးပုန်းနေမယ်လို့လည်းပြောကြတယ်။ အဲလိုပုန်းရင်းဖြစ်သွားတာ။” ဟု Chindwin Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ကျွဲ၊နွား ၂၁ကောင် မီးလောင်သေဆုံးခဲ့ပြီး လယ်ယာသီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း သည် ဘုတလင်မြို့နယ် ဇီးတောရွာ၌ တပ်စွဲထားသော စစ်ကြောင်းဖြစ်ပြီး မတ်လ ၂၄ ရက် နံနက်ပိုင်းက ဘုတလင်မြို့ဘက်သို့ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာစဥ် ကံသစ်ရွာနှင့် ညောင်ပင်ကန်ရွာကြား၌ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ဦးခေါင်းထိမှန်သွားသည်ဟု ဆိုသည်။

ထို့နောက် သားရိုးကုန်းရွာအရှေ့ဘက်အရောက် မိုင်းသုံးကွင်းအတွင်းဝင်လာ၍ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ရမ်းသမ်း၍ ပြန်ပစ်ခတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် တစ်မိုင်ခန့်သာလိုတော့သည့် ဘုတလင်မြို့သို့ဆက်မသွားနိုင်တော့ဘဲ သားရိုးကုန်းကျေးရွာသို့ ပြန်ဝင်သွားခဲ့ပြီး နောက်တစ်နေ့တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။

(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(သားရိုးကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

“ အဆုံးထိတိုက်နေမှာပဲ အခုလိုတွေလုပ်နေရင် ဒီထက်​ပြင်းတဲ့ပွဲတွေကိုလည်းဆက်လုပ်ဆောင်သွားမယ်။ ကူညီသူနည်းပေမယ့်ရှိသလောက်နဲ့ရအောင်တိုက်မယ်။” ဟု Chindwin Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကို Chindwin Brothers အဖွဲ့၊ ဗိုလ်ပွကြီးနှင့်အဖွဲ့၊ ဗိုလ်တိုက်မောင်းအဖွဲ့၊ တပင်ရွေထီး၊ Anonemous Herosနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။