Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်
စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်

▪︎ဝန်ထမ်းအကြီးအကဲ ၂ဦးနှင့်စစ်သား ၁၂ ဦး​​သေဟုထုတ်ပြန်

မန္တလေးတိုင်းဝန်ကြီးချုပ်လိုက်ပါလာသည့်ယာဥ်တန်းကို အစိုးရအဖွဲ့ရုံးအနီး မန္တလေးမြို့လယ်ခေါင်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး) MPDF က ယနေ့ မတ် ၂၅ ရက်တွင် အသိပေးထုတ်ပြန်သည်။

“ ရာဇနိုင်စစ်ဆင်​ရေး” ဟုအမည်​ပေးထား​သောအဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ (မတ် ၂၄ ရက်) နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် MPDF ၏ အထူးစစ်ဆင် ရေးအဖွဲ့များမှ မန္တလေးမြို့အတွင်း ဝင်ရောက်ကာ စစ်ကောင်စီခန့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်လိုက်ပါလာသောယာဥ်တန်းအား ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိ​ပေးထားသည်။

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်
စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်

ယင်းစစ်ဆင်ရေးကြောင့်စစ်ကာင်စီယာဉ်တန်း၏ကားများတွင် ကြီးမားသောထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ယာဉ်တန်းတွင် လိုက်ပါလာသော ရန်သူများလည်း သေကြေ ထိခိုက်ဒဏ်ရာရှိမှုများ ရှိခဲ့ပါသည်ဟု ဆိုသည်။

ယခုကြေညာချက်ထုတ်ပြန်ချိန်အထိ ရန်သူဘက်မှ စစ်သားစုစုပေါင်း (၁၂) ဦး ပွဲချင်းပြီး သေဆုံးကာ ရန်သူ၏ အုပ်ချုပ်ရေးယန္တရားမှ ဝန်ထမ်းအကြီးအကဲ နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်ဟု MPDF က ဖော်ပြသည်။

“ အဲ့ဒီ စစ်ဆင်ရေးမှာ ကျွန်တော်တို့ဘက်က တစ်စုံတစ်ရာ ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူးခင်ဗျာ။ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု MPDF မှတာဝန်ရှိသူတစ်ဦးကPeople’s Spring သို့ ပြောသည်။

စစ်ကောင်စီ၏ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်သူ မျိုးအောင်၏ နောက်ဆုံးအခြေအနေအားလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MPDF မှ ထောက်လှမ်းစုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MPDFသည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

ယခုတိုက်ခိုက်မှုမှာ မန္တ​လေးမြို့လယ် ၊စစ်​ကောင်စီ၏မန္တ​​လေးအစိုးရအဖွဲ့ရုံး ၊ ​အောင်​မြေသာစံအမှတ်(၃)ရဲစခန်း၊ စစ်​ကောင်စီတပ်များရှိရာ မန္တ​လေးနန်း​တော် တို့အနီးတွင်ပြုလုပ်သွားခြင်းဖြစ်၍ ​ပြည်သူများပင် အံသြ​နေကြ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

You May Also Like

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သတင်း

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီးနောက် မြောင်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်ရန် မတ်လ ၁၂ ရက်တွင် အင်အား ၂၀၀ခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။