Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တွင်တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်ကလက်နက်ကြီး လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်

ကော့ကရိတ်မြို့ တမိုင်ကုန်းတွင် ယနေ့(မတ်လ ၂၆ရက်) နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

(တိုက်ပွဲဖြစ်ပွားရာ​ဒေသပြ ​မြေပုံ/ ​စစ်တပ်ကလက်နက်ကြီး၊​လေယာဥ်ဖြင့်ပစ်ခတ်ကော့ကရိတ်မြို့တွင်​နေအိမ်အချို့ပျက်စီးမှုအချို့ပျက်စီး​နေမှုနှင့် မတ် ၂၅ ရက်မြဝတီကုန်သွယ်​ရေးဇုန်ကိုမီး​လောင်ပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(တိုက်ပွဲဖြစ်ပွားရာ​ဒေသပြ ​မြေပုံ/ ​စစ်တပ်ကလက်နက်ကြီး၊​လေယာဥ်ဖြင့်ပစ်ခတ်ကော့ကရိတ်မြို့တွင်​နေအိမ်အချို့ပျက်စီးမှုအချို့ပျက်စီး​နေမှုနှင့် မတ် ၂၅ ရက်မြဝတီကုန်သွယ်​ရေးဇုန်ကိုမီး​လောင်ပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-CJ)

▪︎စစ်တပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ကလေး ၁ဦးသေ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊​နေအိမ်အချို့ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့်အနီးတဝိုက်တွင် ယနေ့ တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံက ပြောသည်။

ကော့ကရိတ်မြို့ တမိုင်ကုန်းတွင် ယနေ့(မတ်လ ၂၆ရက်) နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ မနက် ၅နာရီလောက်က ဖြစ်တာ။ KNU/KNLA နဲ့ PDF အဖွဲ့တွေက စစ်တပ်ကို လာတိုက်တာ။ သေနတ်သံတွေကြားနေရတုန်းပဲ” ဟု ယနေ့နံနက် ၁၀နာရီခန့်အခြေအနေကို ကော့ကရိတ်မြို့ခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

အခြား​​ကော့ကရိတ်ဒေသခံတစ်ဦးကလည်း မတ် ၂၅ ရက်မှစ၍တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေခြင်းဖြစ်​ကြောင်း​ပြောသည်။

မတ်လ ၂၄ရက်ညပိုင်းက မြ၀တီမြို့ ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ ခလရ(၂၇၅) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။မတ်လ ၂၅ ရက် မနက်ပိုင်းတွင်လည်း မြ၀တီ ကုန်သွယ်ရေးဇုန်အား လုံခြုံရေးယူထားသည့် ရဲကင်းစခန်းကို ပူး​ပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့သည်။ထို့ပြင် မြ၀တီ – ကော့ကရိတ် အာရှလမ်းအစပိုင်းရှိ BGF စခန်းကုန်းတစ်ခုကို ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့နယ် ကျုံဒိုးရဲစခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။

မြ၀တီ ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သင်္ဃန်းညီနောင် တို့တွင် KNLAဦး​ဆောင်​သောပူး​ပေါင်းတပ်များက တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်သည်။KNU သတင်းရင်းမြစ်နှင့် ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးပြီး အရှင်ဖမ်းမိသူများလည်း ရှိကာ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်းလည်း သိရသည်။

မြဝတီကုန်သွယ်​ရေးဇုန်နှင့် မြဝတီမြို့နယ်အတွင်းတိုက်ပွဲများတွင် ​သေဆုံးစစ်သားများ၏ ရုပ်အ​လောင်းပုံများလူမှုကွန်ယက်တွင်တက်လာရာ ရုပ်အ​လောင်း ၁၀ ​လောင်း​ကျော်တစ်​နေရာတည်းရှိ​တေသည်ကိုလည်း​တွေ့ရသည်။

ယနေ့(မတ် ၂၆ရက်)တွင်လည်း ကော့ကရိတ်မြို့အနီးတဝိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်​နေသည်။

“ကော့ကရိတ်ကတော့ တိုက်ပွဲက ဒီနေ့ တစ်မနက်လုံးပေါ့။ မနက်က လေယာဉ်လာကြဲသွားတယ်။ မနက် ၅နာရီခွဲမှာ လာကြဲသွားတာ။ ကြဲသွားတာက ကော့ကရိတ် ချောင်းတောင် ရေကူးကန်တို့ တောက်လျှောက်ပစ်တယ်။ ကော့နွဲ့ဘက်မှာလည်း ပစ်တယ်။ ကော့ကရိတ်မြောက်ပိုင်းက ရုံးကြီးဘက်မှာလည်း ပစ်ကြတယ်။ဒေသခံလူထုတွေက တော်တော်လေး စိုးရိမ်ကြောင့်ကျမှုရှိတယ်။ချောင်းတောင်မှာတော့ စကစ ရဲ့ လက်နက်ကြီးကြောင့်ဒေသခံတစ်ဦးအဘွားကြီးတစ်ယောက်ထိသွားတယ်။ နောက်ကလေးတစ်ယောက်က ဆုံးသွားတယ်။ ” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ယနေ့တိုက်ပွဲ ဖြစ်စဉ်ကို ပြောသည်။

စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကော့ကရိတ်မြို့ဆောက်လုပ်ရေးရုံးအနီး ကျရောက်ပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ် ​မောင်အောင်မြင့်မြတ်ကိုထိ၍ ဆုံးပါးသွားခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စွဲရာ နေရာနှင့် ရဲစခန်းအနီးတဝိုက်ကို မည်သူ့ကိုမှ ဖြတ်သန်းခွင့်မပြုဘဲ စစ်ကောင်စီဘက်က ပစ်ခတ်နေသည်ဟုလည်းသိရသည်။

“ဒီနေ့အရပ်သားပြည်သူက ၂ယောက်ထိတယ်။ စကစ ဘက်က အကျအဆုံးတွေတော့ ကျနော်တို့ မသိဘူးပေါ့။ ဒီဘက်ကတော်လှန်ရေးအင်အားစုဘက်ကတော့အေးအေးဆေးဆေးချောချောမွေ့မွေ့ပဲ။အခုကတော့(စစ်​ရေး) တင်းမာနေဆဲပဲ။” ဟုကော့ကရိတ်ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နေလူထုများ အပြင်မထွက်ရဲကြဘဲ စိုးရိမ်ထိတ်လန့်နေကြသည်။

“အခုအချိန်ကတော့ ပြည်သူလူထုတွေကတော့ အားလုံးသွားသတိလာသတိ နေသတိပဲရှိရတော့မှာပေါ့။ မြို့ထဲက ပြည်သူလူထုတွေ ရပ်ကွက်မှာနေတဲ့ ပြည်သူလူထုအားလုံးက စည်းကမ်းရှိရှိနဲ့နေကြပါ။ အခု စကစတွေက ရမ်းသန်းပစ်ခတ်မှုတွေက လုပ်မှာပဲ။ သူတို့က ပြည်သူလူထုလည်း မရွေးတော့ဘူး ပစ်ကြတာဆိုတော့ မြို့မှာ နေတဲ့သူတွေ အားလုံး သတိရှိကြပါလို့ ပြောချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ မြ၀တီ – အာရှလမ်းနှင့် ကျုံဒိုးမြို့ ၊​ကောကရိတ်မြို့တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU အပါအဝင် တော်လှန်ရေးအင်အားစုများကတရားဝင် သတင်းထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

You May Also Like

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆောင်းပါး

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ "ဒေါတမကြီး" ရွာ တည်ရှိသည်။