Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်မှု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၅)မှ ရဲဘော် ၂၀ခန့်ဖြင့်သာ စစ်ဆင်ရေးပြုလုပ်

RPGအပါအဝင် လက်နက်ငယ်များဖြင့် ချိန်ပြီး စစ်ကောင်စီရဲများ နေရာယူထားသည့် ဂိတ်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရဲများရှိသည့်နေရာသို့ မေးမြန်းဝင်ရောက်ရာ ဂိတ်ရှိ ရဲများက ခုခံပစ်ခတ်ခြင်းမပြုဘဲ အသာတကြည်ပင် ကော်ဘရာစစ်သည်များထံ လက်နက်အပ်နှံခဲ့သည်။

▪︎စစ်ကောင်စီလက်အောက်ခံ ရဲများအား အလွယ်တကူဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်များရရှိခဲ့

ကရင်ပြည်နယ် မြ၀တီကုန်သွယ်ရေးဇုန်နေရာအား ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ၌ KNU တပ်ရင်း (၂၇)လက်အောက်ရှိ ကော်ဘရာစစ်ကြောင်း၊ တပ်ခွဲ(၅)မှ ရဲဘော်များက ကုန်သွယ်ရေးဇုန်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်ခွဲ(၅)မှ ရဲဘော်တစ်ဦးက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။

မတ်လ ၂၅ရက်က မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန် နှင့် သင်္ဃန်းညီနောင် ရဲစခန်း၊ အာရှလမ်း၊ ကျုံဒိုးရဲစခန်း စသည်တို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကုန်သွယ်ရေးဇုန်အတွင်း စစ်ဆင်ရေးကို ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ(၅)မှ ရဲဘော် ၂၀ခန့်ဖြင့်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့သည့် Cobra Ko Shine က အသိပေးသည်။

မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်မှု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၅)မှ ရဲဘော် ၂၀ခန့်ဖြင့်သာ စစ်ဆင်ရေးပြုလုပ်
မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်မှု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၅)မှ ရဲဘော် ၂၀ခန့်ဖြင့်သာ စစ်ဆင်ရေးပြုလုပ်

ကော်ဘရာစစ်သည်များ သက်သောင့်သက်သာအနေအထားဖြင့် လမ်းလျှောက်ပြီး ကုန်သွယ်ရေးဇုန် ဂိတ်နေရာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

RPGအပါအဝင် လက်နက်ငယ်များဖြင့် ချိန်ပြီး စစ်ကောင်စီရဲများ နေရာယူထားသည့် ဂိတ်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရဲများရှိသည့်နေရာသို့ မေးမြန်းဝင်ရောက်ရာ ဂိတ်ရှိ ရဲများက ခုခံပစ်ခတ်ခြင်းမပြုဘဲ အသာတကြည်ပင် ကော်ဘရာစစ်သည်များထံ လက်နက်အပ်နှံခဲ့သည်။

Public Service Announcement
Public Service Announcement

“ ဟေ့ကောင်တွေရဲတွေဘယ်မှာလဲ၊ မင်းတို့က ရဲတွေလား။…” ဟု မေးမြန်းဝင်ရောက်ပြီး ရဲအချို့ကို ဖမ်းဆီးခြင်း၊ လက်နက်အချို့ သိမ်းဆည်းခြင်းပြုလုပ်ခဲ့သည်။ ကားသမားများ အလုပ်သမားများဆိုသူများကို ဖမ်းဆီးခြင်းမပြုခဲ့ပေ။

ခုခံ ပစ်ခတ်မှုအချို့ရှိ၍ဟုဆိုကာ RPG ပစ်ခတ်မှုနှင့် လက်နက်ငယ်ပစ်ခတ်သံများလည်း ရုပ်သံမှတ်တမ်း၌ ကြားရသည်။ ထို့ပြင် ကုန်သွယ်ရေးဇုန်အဆောက်အဦးအတွင်းနေရာများကို ကော်ဘရာ စစ်သည်အချို့က မီးရှို့ဖျက်ဆီးခဲ့သည်။

မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်မှု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၅)မှ ရဲဘော် ၂၀ခန့်ဖြင့်သာ စစ်ဆင်ရေးပြုလုပ်
မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်မှု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၅)မှ ရဲဘော် ၂၀ခန့်ဖြင့်သာ စစ်ဆင်ရေးပြုလုပ်

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး KNUနှင့် ကော်ဘရာစစ်ကြောင်း အပါအဝင် တိုက်ပွဲ၌ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များက တရားဝင်သတင်းထုတ်ပြန်မှုမပြုသေးပေ။

မဇ္ဇျိမ သတင်းဌာနကမူ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြခဲ့ရာ မြ၀တီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင် ရဲစခန်း တိုက်ခိုက်မှု၌ ဒုရဲမှူး အပါအဝင် ၈ဦးကို ဖမ်းဆီးရရှိကာ ရဲ ၁၁ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၁၇လက်ရရှိခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုတွင် ကုန်ပစ္စည်းများကိုစစ်ဆေးသည့် X-ray စက်အပါအဝင် အကောက်ခွန်ရုံးနှင့် စီးပွားကူးသန်းရုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်းဖော်ပြသည်။

ကော်ဘရာ ဒုစစ်ကြောင်းမှူးက ဖော်ပြခဲ့သည့် ရုပ်သံတွင်လည်း ရဲဘော်အချို့ကX-ray စက်ထားရှိရာနေရာဟုယူဆရသည့် နေရာကို မီးရှို့နေသည်ကို တွေ့ရသည်။

အဆိုပါအချက်အလက်များနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ရေး ကော်ဘရာစစ်ကြောင်းတာဝန်ရှိသူ အချို့ထံ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။