Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးနှင့် မကွေးတိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်စခန်းတို့အား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(တောင်သာမြို့နယ် တောင်ကြားစစ်ဆေးရေးဂိတ်နှင့် စစ်အုပ်စုအထိုင်စခန်းအား တိုက်ခိုက်ခဲ့သော ဖျက်အားပြင်းဗုံးသီးများ။ ဓာတ်ပုံ - Myingyan District Drone Strike)
(တောင်သာမြို့နယ် တောင်ကြားစစ်ဆေးရေးဂိတ်နှင့် စစ်အုပ်စုအထိုင်စခန်းအား တိုက်ခိုက်ခဲ့သော ဖျက်အားပြင်းဗုံးသီးများ။ ဓာတ်ပုံ - Myingyan District Drone Strike)

မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်အုပ်စုအထိုင်စခန်းတို့အား ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီးများ ကြဲချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိကြောင်း Myingyan District Drone Strike သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်)က မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ‌စောထီး အထိုင်စခန်းအား ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီး ၁၄လုံးချ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ မင်းရွာ ရွာအဝင်ကင်းကို ၉လုံးချတယ်။အထိုင် စခန်းကို ၅လုံးပါ။ ဆက်တိုက်ချတာ” ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းစစ်ဆင်ရေးအား Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊ အမှတ်(၃)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ MG6 ပြောက်ကျားတပ်၊ စည်တော်ကြီး ဒေသကာကွယ်ရေးပြောက်ကျားတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အခြားသတင်းတစ်ရပ်အဖြစ် မတ်လ ၂၅ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ် တောင်ကြားစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီး ရှစ်လုံးချ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များရှိကြောင်း Myingyan District Drone Strike သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ၂၅ရက်နေ့က တိုက်ခိုက်မူမှာ ငါးကောင်ကျသွားတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ ဂိတ် ကတ္တားနဲ့ အဆောက်အဦးတွေလည်း ပျက်စီးတယ်” ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ယင်းစစ်ဆင်ရေးအား Myingyan District Drone Strike၊ မြင်းခြံခရိုင်တပ်ရင်း (၁၊ ၃၊ ၄)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရန်အတွက် ပါဝင်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

Myingyan District Drone Strikeအဖွဲ့သည် မတ်လ ၂၄ ရက်ကလည်း မန္တလေးတိုင်း မြင်းခြံခရိုင် ၊တောင်သာမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီးများ ကြဲချခဲ့ပြီးစစ်ဆေးရေးဂိတ်ရှိ စက်လက်တင်ထားသည့်ဘန်ကာမှာ ပြိုကျပျက်စီးခဲ့သည်။

You May Also Like

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

သတင်း

အသက်၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။