Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်တို့တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေ

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(၂ဝ၂၁ ဖေဖော်ဝါရီလ ၁၇ ရက်က နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
(၂ဝ၂၁ ဖေဖော်ဝါရီလ ၁၇ ရက်က နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

စစ်ကိုင်းတိုင်း စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်တို့၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

မတ်လ ၂၅ ရက် ညနေပိုင်းက ဆားတောင်မြို့မှ သိမ်ချောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ညနေ ၆ နာရီ ၄၅မိနစ်ခန့်တွင် ကူကြီးကုန်းနှင့်သိမ်ချောင်းရွာကြား၌ စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

အဆိုပါ စစ်ကြောင်းကို ည ၇နာရီခွဲခန့်တွင် သိမ်ချောင်းရွာချောင်းကူးတံတားအနီး၌ ကင်းပုန်းဝပ်၍ဆက်တိုက်ခဲ့ရာ တိုက်ပွဲချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း ကိုသက်ကြီးက ဆိုသည်။

စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် မိုးကြိုး(ဆားတောင်)အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ မတ်လ ၂၅ ရက် နံနက် ၁၀နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးမှ စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ရွေဘိုခရိုင်အမှတ်(၂၃)တပ်ရင်းတပ်ခွဲ၁နှင့်ဒေသခံ (ပကဖ)တပ်ဖွဲ့များပူးပေါင်း၍ မိုင်း၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိနိုင်ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တပ်ရင်း၂၃) က သတင်းထုတ်ပြန်သည်။

“ ရွာသာကြီးကနေခွဲထွက်လာတယ်။ အင်အား ခန့်မှန်း တစ်ရာလောက်တော့ရှိမယ်။ ကားကြီးကို အဓိကထားဆွဲလိုက်တာ။ ​မမျှော်လင့်ဘဲ နောက်ကားအသေးပေါ်က တအားပစ်တဲ့အတွက် ရဲဘော်တွေအထိအခိုက်တော့မရှိဘူး။ အသက်လုပြီးဆုတ်ခဲ့ရတယ်။ လယ်ကွင်းပြင်ထဲမှာ ဆွဲရတာဆိုတော့။” ဟု ရွှေဘိုခရိုင် (တပ်ရင်း၂၃) တပ်ရင်းမှူး ကိုရန်ကြီးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

You May Also Like

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီလက်နက်ကိုင်များ ၏ ကားများ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။