Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ကင်းလှည့်ထောက်လှမ်းနေသော ရဲအဖွဲ့ကို KIA၊PDF ပစ်ခတ်တိုက်ခိုက်

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

(ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️ရဲအရာရှိသေပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများသိမ်းယူခဲ့ဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယာဉ်နှစ်စီးဖြင့်ကင်းလှည့်၍ PDF ရဲဘော်များအား သတင်းထောက်လှမ်းနေသော ရဲသုံးဦးကို KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ရဲအရာရှိတစ်ဦးသေဆုံးပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများ ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့သည်။

“ ရဲအုပ်စုက ဆိပ်မူလမ်းဆုံမှာ ယောင်လည်လည် လာလုပ်နေလို့ အနီးကပ်တည်ဖြုတ်တာ။ အရာရှ်ိတစ်ကောင်ရတယ်။ ကားပါ အရယူခဲ့တာမို့ အလောင်းကြီးပါ ပါလာတယ်။ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်ပါမယ်” ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို ယမန်နေ့ (မတ်လ ၂၆ရက်) ညနေ ၅နာရီခွဲခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာလမ်းဆုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆိပ်မူရဲကင်းမှ ဒုရဲအုပ်ညီညီထက်အောင်အပါအဝင် ရဲသုံးဦးက ယာဉ်နှစ်စီးဖြင့် ရောက်လာစဉ် KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်။

“ မက်တူးကားတစ်စီး၊ G-3 သေနတ်တလက်၊G3 ကျည် ‌၆၃တောင့်၊ AK ကျည် ၁၄၈ တောင့်၊ ဖုန်းတစ်လုံးရတယ်ဗျာ။ ဖုန်းထဲက အချက်အလက်တွေစိစစ်ပြီး လိုက်ဖြုတ်အုံးမှာ။ ပြောလိုက်မယ် ဖားကန့်ကို လာမစမ်းနဲ့ ပြေးပေါက်ပိတ်သွားမယ်” ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်က ပြောသည်။

ဒုရဲအုပ်ညီညီထက်အောင် စီးလာသော ယာဉ်ကို တိုက်ခိုက်နေစဉ် ကျန်ယာဉ်တစ်စီးမှာ မောင်းပြေးသွားကြောင်း၊ ပစ်ခတ်ရှင်းလင်း၍ ရနိုင်သော်လည်း အဆိုပါနေရာတွင် အရပ်သားများ ရှိနေ၍ မပစ်ခတ်ခြင်းဟု ဆိုသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီလက်နက်ကိုင်များ ၏ ကားများ၊ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။