Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ်တွင် PDFများအား လော်စပီကာဖြင့်အော်စိန်ခေါ်သည့် ပျူရွာကို PDFအဖွဲ့ ၄၀ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မတ်လ ၃၀ရက်) နံနက် ၂နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူများကို ယင်းမာပင်-ဆားလင်းကြီးနယ်ရှိ လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့များက တာဝေးပစ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လက်နက်ကြီးဖြင့်တိုက်ခိုက်နေသော SBTF ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - SBTF)
(လက်နက်ကြီးဖြင့်တိုက်ခိုက်နေသော SBTF ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - SBTF)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်(PDF)များအား လော်စပီကာဖြင့်အော် စိန်ခေါ်ခဲ့သည့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးတပ်စွဲရာ ဘန့်ဘွေးကျေးရွာအား PDFအဖွဲ့ပေါင်း ၄၀ခန့်က လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force-SBTF တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

ယမန်နေ့ (မတ်လ ၃၀ရက်) နံနက် ၂နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူများကို ယင်းမာပင်-ဆားလင်းကြီးနယ်ရှိ လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့များက တာဝေးပစ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူခေါင်းဆောင်မောင်ပိန်နှင့် စစ်ကောင်စီတပ်သည် အနိီးတဝိုက်ရှိ ကျေးရွာများအားဝင်ရောက်ကာ ဒေသခံပြည်သူများ​၏ ပစ္စည်းများအား ခိုးယူလုယက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများအား ဖမ်းဆီးအနိုင်ကျင့်သတ်ဖြတ်မှုများ ပြုလုပ်နေ၍ အဖွဲ့ပေါင်း ၄၀ ခန့်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း SBTF တာဝန်ခံ ရဲဘော်တံခွန်က ပြောသည်။

“ အဲ့ပျူရွာရဲ့ မျက်နှာပြင် နှစ်ဖက်ကို ဝိုင်းပြီး အလှည့်ကျပစ်ခတ်ကြတာ။ အလုံးပေါင်း၂၀၀ ကျော်မယ်။သူတို့နေအိမ်အဆောက်ဦးတွေ၊ ဘန်ကာတွေ ပျက်စီးမှုရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနိုင်ပါတယ်။ “ ဟု ရဲဘော်တံခွန်ကဆိုသည်။

စစ်အုပ်စုဘက်ကလည်း ဒရုန်းများဝဲပြီး လက်နက်ကြီးငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့သည်ဟု SBTFက ဆိုသည်။

“ အရင်တစ်ခေါက်သွားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တုန်းက ကျွန်တော်တို့ဘက်က အင်အားနည်းပြီး နေ့ခင်းမှာဆိုတော့ အကပ်နည်းခဲ့တယ်။ အဲ့တုန်းက ပျူခေါင်းဆောင် မောင်ပိန်က မင်းတို့ထုတာမရောက်ဘူးကွ ထုအုံးလေ ဆိုပြီး မိုက်နဲ့အော်ခဲ့သေးတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ဘက်ကအင်အားများပြီး ညခင်းဆိုတော့ ရှေ့အနီးထိတိုးကပ်ပစ်ခတ်ခဲ့တာကြောင့် မောင်ပိန်တို့ဘက်က ရမ်းသမ်းပစ်ခတ်ရုံပဲရှိပြီး ခေါင်းတောင်မဖော်နိုင်လောက်ဘူး။” ဟု ရဲဘော်တံခွန်ကရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးကို Salingyi Border Task Force – SBTF (ပ.က.ဖ)နှင့် Fighter Brotherhood Guerrilla Army၊ BED ငညို ပြည်သူ့ကာကွယ်ရေးတပ်၊ မဲမှောင်ပျောက်ကြားတပ်၊ နယ်စည်းမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့၊ ချင်းတွင်းညီနောင် ပြောက်ကြားတပ်ဖွဲ့ ၊ Arlarwaka ၊ Brother Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Golden Star Force နှင့်အတူ အခြားမဟာမိတ်များ ဖြစ်ကြသော Black Team ၊ ဝင်္ကပါ ၊ Yinmarbin Local Defence Force နှင့် Chindwin Revolutionary Fighters တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယင်းမာပင်မြို့နယ်တွင် ပျူရွာအချို့အား ဒေသတွင်း PDFများက မကြာခဏတိုက်ခိုက်နေ၍ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာကြာင်း ဒေသခံများက ပြောသည်။