Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့တွင် စစ်ကောင်စီတပ်သားနှင့်ရဲများပါသောအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

တိုက်ခိုက်ခံရမှုကို စစ်ကူပေးရန် ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၅၀ခန့် ရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)

စစ်ကိုင်းတိုင်း ကနီမြို့တွင် စစ်ကောင်စီတပ်သားများနှင့်ရဲများပါသော စစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးရာ သုသာန်၌ ချက်ချင်းသင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။

အင်အား ၃၀ခန့်ရှ်ိသော အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့(မတ်လ ၃၀ရက်) နံနက် ၁၁နာရီခန့်တွင် ကနီမြို့ပေါ်မှ ကြို့ပင်သာဘက်သို့ ထွက်လာစဉ် ကျောက်လုံးကြီး၊ DRPAအဖွဲ့နှင့် နယ်မြေခံပကဖများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

” စစ်တပ်ဘက်က နှစ်ယောက်သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ သေတဲ့နှစ်ကောင်ကို ကနီသုသာန်မှာ သင်္ဂြိုလ်သွားတယ်” ဟု KLG PDFကျောက်လုံးကြီးPDF ပြောရေးဆိုခွင့်ရှိသူကပြောသည်။

တိုက်ခိုက်ခံရမှုကို စစ်ကူပေးရန် ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၅၀ခန့် ရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုတွင် စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေ၍ အထိနာနေသည်။