Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဩစတြေးလျမှာ အပျော်တမ်း ရွှေရှာသူ တစ်ဦးက ရွှေတုံးကြီးတစ်တုံး မတော်တဆ ရှာတွေ့

ကျောက်တုံးထဲမှာ ရွှေစင်ရွှေသား ရောနှော ပါဝင်မှုက ၂.၆ ကီလိုဂရမ် အလေးချိန်လောက် ရှိတယ်လို့ ယူဆရပါတယ်။ ရွှေတုံးကို ရှာတွေ့ခဲ့တဲ့ အမျိုးသားက သူ့ဇနီးတော့ အရမ်းပျော်နေတော့မယ်လို့ ပြောသွားသေးကြောင်း ကမ့်က ဆိုပါတယ်။

ဩစတြေးလျမှာ အပျော်တမ်း ရွှေရှာသူ တစ်ဦးက ရွှေတုံးကြီးတစ်တုံး မတော်တဆ ရှာတွေ့
ဩစတြေးလျမှာ အပျော်တမ်း ရွှေရှာသူ တစ်ဦးက ရွှေတုံးကြီးတစ်တုံး မတော်တဆ ရှာတွေ့

ဩစတြေးလျ နိုင်ငံက အပျော်တမ်း ရွှေရှာသူ တစ်ဦးဟာ အကြီးအကျယ် ပွပေါက်တိုးပြီး ရွှေသားတွေ အများအပြား ရောနှောဖွဲ့စည်းနေတဲ့ ကျောက်တုံးကြီး တစ်တုံးကို တွေ့ရှိခဲ့ပါတယ်။

၄.၆ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကျောက်တုံးထဲမှာ ဒေါ်လာ ၁၆၀၀၀၀ ဖိုးလောက်ထိ တန်ဖိုးရှိတဲ့ ရွှေသားတွေ ရောပြွန်း ပါဝင်နေတယ်လို့ ကျွမ်းကျင်သူတွေက အကဲဖြတ်ပါတယ်။

အမည်မဖော်လိုတဲ့ အမျိုးသားက အဲဒီ ရွှေတုံးကြီးကို ဗစ်တိုးရီးယား ပြည်နယ်ထဲမှာရှိတဲ့ ရွှေတွင်းဧရိယာမှာ မတော်တဆ တွေ့ရှိခဲ့တာပါ။ အဲဒီ ဧရိယာဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေ ကတည်းက ဩစတြေးလျရဲ့ ရွှေအထွက်ဆုံး နယ်မြေတစ်ခု ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ပရော်ဖက်ရှင်နယ်သက်တမ်း ၄၃ နှစ်တာအတွင်း ဒီလောက်ကြီးမားတဲ့ ရွှေရိုင်းတုံးကြီး မမြင်ဖူးသေးဘူးလို့ အဲဒီ ကျောက်တုံးကို တန်ဖိုးဖြတ်ပေးခဲ့သူ ဒါရန်ကမ့်က မှတ်ချက် ပေးပါတယ်။ သူ့ဆီ ရောက်လာချိန်မှာ ကျောက်တုံးကြီးက နှစ်ခြမ်းကွဲနေပြီး အဲဒီအမျိုးသားက ပထမ တစ်ခြမ်းတည်းကို အရင်ပြခဲ့တာလို့ ကမ့်က ပြောပြပါတယ်။

ကျောက်တုံးထဲမှာ ရွှေစင်ရွှေသား ရောနှော ပါဝင်မှုက ၂.၆ ကီလိုဂရမ် အလေးချိန်လောက် ရှိတယ်လို့ ယူဆရပါတယ်။ ရွှေတုံးကို ရှာတွေ့ခဲ့တဲ့ အမျိုးသားက သူ့ဇနီးတော့ အရမ်းပျော်နေတော့မယ်လို့ ပြောသွားသေးကြောင်း ကမ့်က ဆိုပါတယ်။

ဩစတြေးလျဟာ ကမ္ဘာပေါ်မှာ ရွှေသတ္တု သယံဇာတ အကြွယ်ဝဆုံးနဲ့ ရွှေတုံးကြီးတွေ ရှာအတွေ့ရဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့တိုင် အခုလိုမျိုး အပျော်တမ်း မတော်တဆ ရှာတွေ့တဲ့ ဖြစ်စဉ်မျိုးကတော့ အရမ်းရှားပါးတယ်လို့ သိရပါတယ်။