Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ရွာ ရဲစခန်း တိုက်ပွဲ စစ်ကောင်စီတပ်မှ ၄၅ ဦးသေ

စခန်းတွင်စစ်ကောင်စီတပ်မှစစ်သား နှင့်ရဲ ၈၁ယောက်ရှိပြီး တိုက်ပွဲနောက်ဆုံးအထိ ၁၇ ဦးခန့်သာကျန်သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူးကရှင်းပြ သည်။ ထိုထဲတွင် ဒဏ်ရာရသူများအပြင်ထွက်ပြေးသူများလည်းရှိသည်ဟု၎င်းကဆက်​ပြောသည်။

(ကန်ရွာ ရဲစခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(ကန်ရွာ ရဲစခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

▪︎မီဒီယာများကလည်းတိုက်ပွဲမပြီးခင်သတင်းထုတ်ပြန်မှုစောင့်စည်းပေးရန် PDF စစ်ရုံးချုပ် ​မေတ္တာရပ်ခံ

ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်တပ်များ က မတ်လ ၃၁ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၄၅) ဦးသေဆုံးပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ သတင်းထုတ်ပြန်ခြင်းနှင့်အတူ တိုက်ပွဲသတင်းများ အွန်လိုင်းအပေါ် အလျင်စလို ဖော်ပြခြင်းမပြုရန်လည်း ညှိနှိုင်းခဲ့သည်။ ကန်ရွာ ရဲစခန်း တိုက်ပွဲမပြီးခင်ချိန်တွင်လူမှုကွန်ရက်များ ပေါ်သို့တိုက်ပွဲနှင့်ပတ်သက်သောသတင်းအမှားများ ပြန့်နှံ့ခဲ့သည်ဟုဆိုသည်။

“တိုက်ပွဲမပြီးဆုံးခင်တွင် လူမှုကွန်ရက်များပေါ်သို့ တိုက်ပွဲသတင်းပြန့်နှံ့ခြင်းမရှိစေရန် သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်က ကြပ်မတ်စိစစ်ရမည်ဖြစ်ပြီး သတင်းမီဒီယာများအနေဖြင့်လည်း တိုက်ပွဲမပြီးဆုံးခင် သတင်းထုတ်ပြန်မှုများကို စောင့်စည်းထိန်းချုပ်ပေးပါရန် လေးစားစွာ ညှိနှိုင်းရင်း ယခုတိုက်ပွဲ သတင်းကို ထုတ်ပြန် အပ်ပါသည်” ဟု PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ကန်ရွာ ရဲစခန်း တိုက်ခိုက်မှုကို မနက်(၆)နာရီမှစတင်ခဲ့ပြီး နံနက် ၉နာရီတွင် စခန်းကို မီးရှို့နိုင်ခဲ့ကြောင်း၊ စတင်ဝင်ရောက်သည့်အချိန်တွင်ပင် ရန်သူ့ဘက်မှ တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့ကြောင်း ၊ ရန်သူ့တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ် တို့ဖြင့် (၇) ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့သော်လည်း ရဲစခန်းအတွင်းသို့ လေးကြိမ် ဝင်ရောက်တိုက်ခိုက်ကာ စခန်းသိမ်းရန် ကြိုးစားခဲ့ကြောင်း၊ နေ့လည်ပိုင်း၌ ရဟတ်ယာဉ်ဖြင့် ၃ကြိမ်စစ်ကူလာပို့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

“မနက် ၆နာရီကစတိုက်တာ ညနေ၂နာရီ၂၀မိနစ်မှဆုတ်မိန့်ရတာ။ စခန်းသိမ်းတယ် ဆိုတာထက် ယောသားတွေရဲ့သတိကိုပြတဲ့ပွဲပါ။ ​ပထမဂျက်ဖိုက်လာကျဲတာ ကျနော်တို့အလုပ်ဆက်လုပ်တုန်း။ Mi35နဲ့ပစ်မှစိတ်တိုပြီးမီးရှို့ကြတာ။ အဲ့တုန်းက၁အိမ်ဘဲရှို့ သေးတယ်။အဲ့ဒီမိုးခိုးကြောင့်သူပစ်မှတ်ရှာမရဘဲပု စဥ်းမျက်ကမ်းဖြစ်သွားတယ်” ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄) တပ်ရင်းမှူး မျိုးသူရကPeople’s Spring သို့ပြောသည်။

ပြန်လည်ဆုတ်ခွာချိန်တွင် ရန်သူ့စခန်း၏ (၇၅) ရာခိုင်နှုန်းခန့်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ရန်သူ့ ဘက်မှ (၄၅)ဦး ခန့်သေဆုံးပြီး၊ (၁၀)ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။ G3(၄)လက်၊ G4(၁)လက်၊ G3 မောင်းတုံး(၁)ခု၊ ကျည်ဘောက်(၄)ခု၊ လက်ပစ်ဗုံး(၂)လုံး၊ စကားပြောစက်(၂)လုံး၊ ဖုန်း(၇)လုံး၊ Laptop (၁)လုံး၊ ဓား(၁)လက်၊ ငွေ(၆၀၈၀၀)ကျပ်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

စခန်းတွင်စစ်ကောင်စီတပ်မှစစ်သား နှင့်ရဲ ၈၁ယောက်ရှိပြီး တိုက်ပွဲနောက်ဆုံးအထိ ၁၇ ဦးခန့်သာကျန်သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူးကရှင်းပြ သည်။ ထိုထဲတွင် ဒဏ်ရာရသူများအပြင်ထွက်ပြေးသူများလည်းရှိသည်ဟု၎င်းကဆက်​ပြောသည်။

စစ်​ကောင်စီတပ်အထိနာပြီး စခန်းကျလုအချိန်တွင် စစ်တပ်က ​လေ​ကြောင်းမှတိုက်ခိုက်မှုနှင့် စစ်ကူတပ်သားများကို သုံးကြိမ်တိုင်ပို့ခဲ့​ကြောင်းသိ့ရသည်။ တစ်ကြိမ်လျှင် စစ်သား ၁၇ ဦးနှုန်းဖြင့် စုစု​ပေါင်း ၅၀ ​ကျော်စစ်ကူထပ်ပို့ခဲ့​ကြောင်း၎င်းက​ပြောသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ရဲဘော် ၂ဦး ကျဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟုသိရသည်။