သတင်း
စခန်းတွင်စစ်ကောင်စီတပ်မှစစ်သား နှင့်ရဲ ၈၁ယောက်ရှိပြီး တိုက်ပွဲနောက်ဆုံးအထိ ၁၇ ဦးခန့်သာကျန်သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူးကရှင်းပြ သည်။ ထိုထဲတွင် ဒဏ်ရာရသူများအပြင်ထွက်ပြေးသူများလည်းရှိသည်ဟု၎င်းကဆက်ပြောသည်။
Hi, what are you looking for?
စခန်းတွင်စစ်ကောင်စီတပ်မှစစ်သား နှင့်ရဲ ၈၁ယောက်ရှိပြီး တိုက်ပွဲနောက်ဆုံးအထိ ၁၇ ဦးခန့်သာကျန်သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူးကရှင်းပြ သည်။ ထိုထဲတွင် ဒဏ်ရာရသူများအပြင်ထွက်ပြေးသူများလည်းရှိသည်ဟု၎င်းကဆက်ပြောသည်။
တိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ၂ ဦး ကျဆုံးပြီး ရဲဘော်တစ်ဦး နင်းမိုင်းမိကာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ကာ ၊အခြား ထိခိုက်ဒဏ်ရာရသူ ၉ ဦး ရှိကြောင်း အသိပေးခဲ့သည်။
ရဲစခန်း၏ ထက်ဝက်ကျော်ကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ချိန်တွင်စစ်တပ်မှ လေကြောင်းအကူရောက်လာ၍ ဗျူဟာကုန်းနှင့် ၎င်း၏ ဘန်ကာတို့ ကိုမဖျက်ဆီးနိုင်ခဲ့ဘဲ စခန်းတစ်ခုလုံးမသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း တိုက်ပွဲဝင်ခဲ့သောရဲဘော်များကပြောသည်။