Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်​ရေး၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အ​ကောင်အထည်​ဖော်ရန် ဘန်ကီမွန်း တိုက်တွန်း

နေပြည်တော်တွေ့ဆုံမှုများအတွင်း အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာက ချမှတ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်မှုတွင် တိုးတက်မှုများဖြစ်ပေါ်ရန် အရေးကြီးမှုကို ဘန်ကီမွန်းက အလေးထားပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရေး၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးတို့ကို တောင်းဆိုလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ ဖိတ်ကြားချက်အရ မစ္စတာဘန်ကီမွန်းသည် The Elders(ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဧပြီ ၂၃-၂၄ ရက်များတွင် နေပြည်တော်သို့ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်ဟောင်းနှင့် သမ္မတဟောင်း သိန်းစိန်တို့ကို တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုများတွင် ရေရှည်တည်တံ့သော အဖြေရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် သက်ဆိုင်ရာပါတီအားလုံး၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြောင်း The Elders က ထုတ်ပြန်သည်။

“ကျွန်တော့်တွေ့ဆုံမှုတွေက လေ့လာစူးစမ်းဖို့ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုတို့ ရရှိဖို့ ကျွန်တော် ကူညီနိုင်သမျှ ကျွန်တော် လုပ်သွားမှာပါ” ဟု ဘန်ကီီမွန်းက ဆိုသည်။

နေပြည်တော်တွေ့ဆုံမှုများအတွင်း အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာက ချမှတ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်မှုတွင် တိုးတက်မှုများဖြစ်ပေါ်ရန် အရေးကြီးမှုကို ဘန်ကီမွန်းက အလေးထားပြောကြားခဲ့သည်ဟု ဖော်ပြသည်။

သို့သော် ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဥ်အတွင်း မတရားသဖြင့် ဖမ်းဆီးထောင်ချခံထားရသော ရွေးကောက်ခံခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဥ်နှင့်ပတ်သက်၍ အမျိိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ၎င်းအနေဖြင့် မြန်မာပြည်လာရောက်ရန် အချိန်ကောင်းမဟုတ်ဟု ဝေဖန်ထားပြီး မြန်မာပြည်သူလူထု၏ ရွေးကောက်ခံအစိုးရ NUG နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ပြောဆိုသည်။