Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့ စည်ပင်ရုံး ပေါက်ကွဲမှု အမျိုးသမီးတွေအပါအဝင် ၁၆ ဦး စွပ်စွဲဖမ်းဆီးခံရ

အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ရဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ဒေသခံ ၁၆ ဦးကိုတွေ့ရစဉ်
စစ်ကောင်စီတပ် ရဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ဒေသခံ ၁၆ ဦးကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စည်ပင်ရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသက်မပြည့်သေးတဲ့ ယောင်္ကျားလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။

ရွှေဘိုမြို့နယ် စည်ပင်ရုံးဟာ ပြီးခဲ့တဲ့စနေနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က ဒေသခံ ၁၆ ဦးကို PDF တွေနဲ့အားပေး ထောက်ခံသူတွေဆိုပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ဖမ်းမိသူ ၁၆ ဦးမှာ PDF ၄ ဦးနဲ့ အားပေးထောက်ခံသူ ၁၂ ဦးဖြစ်တယ်လို့စွပ်စွဲထားပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ