Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း အပါအဝင် ဆိုဗီယက်က ခွဲထွက်လာတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြောင်း တရုတ် ရှင်းလင်း

ပူတင်က ယူကရိန်းရဲ့ လွတ်လပ်ရေးကို မကြာခဏ စိန်ခေါ် မေးခွန်းထုတ်လေ့ရှိပြီး ဆိုဗီယက် ပြည်ထောင်စုရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့သာ ရည်ညွှန်းလေ့ ရှိတာကြောင့်ပါ။

ယူကရိန်း အပါအဝင် ဆိုဗီယက်က ခွဲထွက်လာတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြောင်း တရုတ် ရှင်းလင်း
ယူကရိန်း အပါအဝင် ဆိုဗီယက်က ခွဲထွက်လာတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြောင်း တရုတ် ရှင်းလင်း

သူတို့ရဲ့ သံအမတ်ကြီး တစ်ဦးက ပြောကြားခဲ့တဲ့ အငြင်းပွားစရာ၊ ပြဿနာ ဖြစ်စရာ မှတ်ချက် စကားတွေနဲ့ ခပ်ကင်းကင်းနေဖို့ တရုတ် အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး လုရှားယီက အနောက်နိုင်ငံတွေ ဒေါသတကြီး တုံ့ပြန် ဝေဖန်စေမယ့် စကားတချို့ကို ပြောခဲ့ပါတယ်။ အဲဒီထဲမှာတော့ ယူကရိန်း အပါအဝင် ဆိုဗီယက် ပြည်ထောင်စုဟောင်းက ခွဲထွက်လာတဲ့ နိုင်ငံတွေရဲ့ လက်ရှိ ရပ်တည်မှုဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့ ချိန်ထိုးကြည့်ရင် တရားမဝင်ဘူးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

လုရဲ့ စကားက အကြီးအကျယ် ပွဲဆူစရာတွေ ဖြစ်ခဲ့ပြီး တရုတ် အစိုးရဟာ ဒီလို သဘောထားမျိုး ရှိသလားဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာပါတယ်။ ဧပြီ ၂၄ ရက်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ရဲ့ သံအမတ်ကြီးဟာ ကိုယ်ပိုင် အမြင်နဲ့ အဲဒီလို ပြောခဲ့တာသာဖြစ်ပြီး တရုတ် အစိုးရရဲ့ သဘောထားကို ကိုယ်စားမပြုဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး တုံ့ပြန် ဖြေရှင်းလာခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက တရုတ်ဟာ ယူကရိန်း အပါအဝင် ဆိုဗီယက်ခေတ်လွန် ပေါ်ထွန်းလာတဲ့ ခွဲထွက်နိုင်ငံတွေ အားလုံးရဲ့ လွတ်လပ်စွာ ရပ်တည်မှုကို လေးစား အသိအမှတ် ပြုပါတယ်လို့ ပြောကြားသွားပါတယ်။ ဒါပေမဲ့ တရုတ် အစိုးရဟာ လုရဲ့ အနာဂတ်ကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

တရုတ်ဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲချိန်မှာ ဆက်ခံလာတဲ့ ခေတ်သစ် ရုရှားနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေသလို ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကိုလည်း အတိအလင်း ရှုတ်ချခြင်း မရှိပါဘူး။ ဒီလို နောက်ခံ အခြေအနေမျိုးမှာ လုက ထုတ်ပြောလာတဲ့ မှတ်ချက် စကားတွေက ပိုပြီး ရှုပ်ထွေးတဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်။

လုဟာ ပြင်သစ်ရဲ့ LCI Networkနဲ့ အင်တာဗျူးရာမှာ အခုလို အငြင်းပွားစရာ စကားတွေကို ပြောခဲ့တာပါ။ LCI Networkက ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက အနိုင်အထက် သိမ်းယူခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လုရဲ့ အမြင့်ကို မေးမြန်းခဲ့ပါတယ်။ လုက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား မပြောနိုင်ကြောင်း၊ ယူကရိန်း ကိုယ်တိုင်က သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်မှုကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ သက်သေ မပြနိုင်သေးကြောင်း ဖြေကြားခဲ့ပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်ဟောင်း နိုင်ငံတွေဟာ အချုပ်အခြာ အာဏာပိုင် ရပ်တည်ခွင့် ရှိပါတယ်လို့ တိတိကျကျ ပြောဖို့ ခက်ကြောင်း လုက ပြောကြားခဲ့ပါတယ်။ ဒီသဘောထားဟာ ကျူးကျော်စစ်ကို စတင်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောနေကျ စကားတွေနဲ့ ဆင်တူနေပါတယ်။

ပူတင်က ယူကရိန်းရဲ့ လွတ်လပ်ရေးကို မကြာခဏ စိန်ခေါ် မေးခွန်းထုတ်လေ့ရှိပြီး ဆိုဗီယက် ပြည်ထောင်စုရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့သာ ရည်ညွှန်းလေ့ ရှိတာကြောင့်ပါ။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းက လုရဲ့ အင်တာဗျူး ဖြေကြားချက်အပေါ် တိုက်ရိုက် မှတ်ချက် မပေးပေမယ့် တရုတ်ဟာ ကုလသမဂ္ဂ ချာတာရဲ့ ရည်မှန်းချက်တွေ၊ အခြေခံ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်ကို လေးစား အသိအမှတ်ပြုကြောင်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။