Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန့်ကျင်သူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်း ၇၅၀ ကျော်ကို စစ်ကောင်စီချိတ်ပိတ်

ဒီလို ချိတ်ပိတ်ခံရသူ ၆၃၆ ဦးမှာ လူ ၃၀၀ ဟာလွှတ်တော်အမတ်တွေ ၊ NLD ပါတီဝင်တွေ၊ NLD ကိုထောက်ခံကြသူတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

PDF နဲ့ပတ်သက်လို့ဆိုပြီး ချိတ်ပိတ်ခံရတဲ့ မန္တလေးတိုင်းက အဆောက်အဦး
PDF နဲ့ပတ်သက်လို့ဆိုပြီး ချိတ်ပိတ်ခံရတဲ့ မန္တလေးတိုင်းက အဆောက်အဦး

၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၆၃၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီလို ချိတ်ပိတ်ခံရသူ ၆၃၆ ဦးမှာ လူ ၃၀၀ ဟာလွှတ်တော်အမတ်တွေ ၊ NLD ပါတီဝင်တွေ၊ NLD ကိုထောက်ခံကြသူတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

AAPP ရဲ့ စာရင်းအရ ချိတ်ပိတ်ခံရတဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေထဲမှာ နေအိမ် တိုက်ခန်းတွေ ၊ ခြံမြေ ၊ ဆိုင်ခန်း၊ ဆေးရုံ ဆေးခန်းတွေ ၊ စာသင်ကျောင်း ၊စားသောက်ဆိုင် ၊တည်းခိုခန်း ၊ဟိုတယ်တွေအပြင် ဘာသာရေးဆိုင်ရာအဆောက်အဦးတွေပါဝင်တာတွေ့ရပါတယ်။

ဒီလို စစ်ကောင်စီ ချိတ်ပိတ်တဲ့ ရွှေ့ပြောင်းလို့ မရတဲ့ ပိုင်ဆိုင်မှုအရေအတွက်ဟာ ၇၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ချိတ်ပိတ်တာတွေကိုစစ်ကိုင်တိုင်းမှာ အများဆုံးပြုလုပ်ပြီး အဲဒီနောက်မှာရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ဒုတိယနဲ့ တတိယ အများဆုံးဒေသတွေအဖြစ် ရှိနေပါတယ်။