Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်
စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာပြီဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ ထုတ်ပြန်သည်။

ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူများဟုဆိုရာတွင် စစ်အုပ်စုမှ ဖမ်းဆီးအကျဉ်းချ သို့မဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရပြီးနောက် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သောသူများကို ဆိုလိုခြင်းဖြစ်ကြောင်း AAPP က ရှင်းပြထားပြီး ထုတ်ပြန်ချက်ပါ အချက်အလက်ကိန်းဂဏန်းများမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ မတ်လ ၃ ရက် အထိ AAPP မှ ကောက်ယူမှတ်တမ်းတင်ထားသည့် အချက်အလက်များကို အခြေခံထားကာ မြေပြင်၌ဖြစ်ပွားနေသည့် အမှန်တကယ်ကိန်းဂဏန်းမှာ ယခုထက် ပို၍များပြားနိုင်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်
စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်

ဖမ်းဆီးထိန်းသိမ်းခံရသည့်သူများအနက်မှ ၇၇၆ ဦး၏ အသက်အရွယ်ကိို ကောက်ယူစုဆောင်းနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူများ၏ ပျမ်းမျှအသက်မှာ ၃၅.၆ နှစ်ရှိကာ အနည်းဆုံး ၉၂ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်သည်ဟု ဆိုသည်။

အသက်အရွယ်အလိုက် သေဆုံးမှုမှာ ၁၉ နှစ်အောက် ၆၅ ဦး၊ ၃၁ နှစ်အောက် ၂၇၉ ဦး၊ ၆၀ နှစ်အေောက် ၃၈၅ ဦး၊ ၆၀ နှစ်အထက် ၅၁ ဦးတိိို့ ဖြစ်သည်ဟု AAPP က ဖော်ပြသည်။ အမျိုးသမီး ၅၇ ဦးပါဝင်ပြီး ၉၈၅ ဦးမှာ အမျိုးသားများဖြစ်ကာ ၂၈ ဦးကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

စစ်အုပ်စု၏ ဖမ်းဆီိးပြီးနောက် သတ်ဖြတ်ခံရသူများ၏ အထူးအခြေအနေများကိုလည်း AAPP က ဖော်ပြထားရာ သေနတ်နှင့်ပစ်သတ်မှု၊ အရှင်လတ်လတ်မီးရှို့မှု၊ စစ်ကြောရေးအတွင်း သတ်ဖြတ်မှု၊ လူသားဒိုင်းအဖြစ်အသုံးပြုသတ်ဖြတ်မှု၊ ဦးခေါင်းပစ်သတ်မှု၊ အကျဥ်းထောင်အတွင်း သတ်ဖြတ်မှုအပါအဝင် မုဒိန်းကျင့်သတ်ဖြတ်မှုများလည်း ပါဝင်သည်။

You May Also Like

သတင်း

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

သတင်း

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force နှင့် SBDF စခန်းခွဲ (၂)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။