Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို၊ အရာတော်နှင့် ဝက်လက်နယ်ရှိ စစ်အုပ်စု စခန်းသုံးခုကို ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

ယမန်နေ့ (ဧပြီ ၂၅ ရက်) နံနက် ၁၀နာရီခန့်ကပင် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်သိပ္ပံမှ ထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ရွှေဘိုခရိုင်တပ်ရင်း(၄)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တပ်ရင်း(၄)က ထုတ်ပြန်ထားသည်။

(ရွှေဘိုမြို့နယ်ရှိ ချီပါရွာတွင် ငါးရက်တာ တပ်စွဲထားသော စစ်အုပ်စု ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်နေစဥ်)
(ရွှေဘိုမြို့နယ်ရှိ ချီပါရွာတွင် ငါးရက်တာ တပ်စွဲထားသော စစ်အုပ်စု ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ အရာတော်နှင့် ဝက်လက်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ အထိုင်စခန်း သုံးခုကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဧပြီ ၂၄ ရက် နေ့လယ် ၂နာရီကျော်က ရွှေဘိုမြို့နယ်ရှိ ချီပါကျေးရွာတွင် ငါးရက်တာ စခန်းချထားသည့် စစ်ကောင်စီတပ်စစ်​ကြောင်းအား မဟာမိတ်အဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အင်အားက ၁၅၀ ပတ်ချာရှိမယ်။ မနေ့က ရွှေဘိုမြို့ပေါ် ပြန်ဆုတ်သွားပြီ။ ရွှေဘိုမြိုနဲ့ ချီပါက ၁မိုင်ခွဲ နှစ်မိုင်နီးပဲ ဝေးပါတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့် Flying Dragon Force (F.D.F)-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ C&T SHWEBO-LDF၊ MDF SHWEBO နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂၊တိုက်နယ်-၅ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ယမန်နေ့ (ဧပြီ ၂၅ ရက်)က အရာတော်မြို့နယ် စပါးတွင်း​ကျေးရွာ ပျူစခန်းနှင့် ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ရော့ကတ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။

“ညနေ ၆ နာရီဝန်းကျင်လောက်မှာ စပါးတွင်းပျူစခန်းကိုပစ်တာ။ ည၉နာရီလောက်မှာက ရွာသာကြီး တပ်စွဲထားတဲ့ သူတို့ကို ပစ်တာ။ စပါးတွင်း ပစ်ခတ်ခဲ့မှုမှာတော့ ထိခိုက်မှုမသိရသေးပါဘူး။ ရွာသာကြီးကျေးရွာ ပစ်ခတ်ခဲ့မှုမှာတော့ ၅ကောင်ခန့် ထိခိုက်ခဲ့တယ်လို့ သိရတယ်။”ဟု မြင်းဖြူရှင် ပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။

ယင်းစစ်ဆင်ရေးကို မြင်းဖြူရှင်ပြောက်ကျားအဖွဲ့ -၁၊အဖွဲ့ -၂၊အဖွဲ့-၃၊အဖွဲ့-၄၊ အဖွဲ့-၅ တို့ ပူးပေါင်း ပစ်ခတ်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် သလဲဘာ၊ စပါးတွင်းနှင့် ငွေတွင်းကျေးရွာများသည် စစ်ကောင်စီတပ်လက်အောက်ခံ ပျူရွာများဖြစ်ပြီး ဧပြီ ၁၉ ရက်ကလည်း ဆင်တလည်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ခန့် ပြာကျပြီး ဒေသခံတစ်ဦးကိုပါ သတ်ဖြတ်သွားခဲ့သည်။

ယမန်နေ့ (ဧပြီ ၂၅ ရက်) နံနက် ၁၀နာရီခန့်ကပင် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်သိပ္ပံမှ ထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ရွှေဘိုခရိုင်တပ်ရင်း(၄)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တပ်ရင်း(၄)က ထုတ်ပြန်ထားသည်။