Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ ၏အချက်အလက်များ RSNထံ လုံခြုံလျှို့ဝှက်စွာပေးပို့ပေးကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

RSN သည် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းအချက်အလက်များ ပေးပို့နေသည့် အဖွဲ့အစည်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီလက်ပါးစေများက ဖြိုခွင်းရန်ပြင်ဆင်နေသည်ကို ၂၀၂၁မတ်လ ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီလက်ပါးစေများက ဖြိုခွင်းရန်ပြင်ဆင်နေသည်ကို ၂၀၂၁မတ်လ ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ရန်ကုန်တိုင်းအတွင်းမှ စစ်ကောင်စီ၏အချက်အလက်များကို Rangoon Scout Network – RSN ထံသို့ လုံခြုံလျှို့ဝှက်စွာပေးပို့ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။

RSN သည် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းအချက်အလက်များ ပေးပို့နေသည့် အဖွဲ့အစည်းဖြစ်သည်။

“RSN အနေနဲ့ကတော့ သိထားတာလည်းကြာပြီ။ လက်ရှိအထိလည်း တော်တော်လေးမှ အသုံးဝင် တဲ့ အချက်အလက်တွေကို ပေးနေဆဲပါ။တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ အဖွဲ့အစည်းလို့ပဲပြောပါရ‌စေဗျ။”ဟု Yangon UG Association(YUA)တာဝန်ခံ ဆရာကျောင်းကပြောသည်။

အခြားအဖွဲ့အစည်းများနှင့်ပတ်သက်၍ မသိသော်လည်း ၎င်းတို့အဖွဲ့ အတွက် RSNသည် အထောက်အကူများစွာဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“RSN မှာ ကြိုးစားထားတာတစ်ခုက ကြိုတင်ပြီး ဧည့်စာရင်းစစ်နိုင်တဲ့ဟာ တို့ စကစကလျှို့ဝှက်ဖမ်းပြီး သတင်းမထုတ်တဲ့ ရဲဘော်တွေ အတည်ပြုချင်ရင် RSN မှာသွားပြီး အတည်ပြုလို့ရတယ်။ သူတို့ဆီမှာ အဲဒီလိုသတင်းတွေစုထားတာတွေရှိတယ်။ အတည်ပြုစစ်ဆေးလို့ရတဲ့ အားသာချက်ရှိတယ်။”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးက ပြောသည်။

ထို့ကြောင့် UG များအနေဖြင့် RSNနှင့် ချိတ်ဆက်ထားပါက သတင်းအချက်အလက်ပိုင်းနှင့်ပတ်သက်၍ အထောက်အကူရနိုင်သည်ဟု ၎င်းကအကြံပြုသည်။

“UG တွေအနေနဲ့က RSN လိုအဖွဲ့အစည်းမျိုးနဲ့ ချိတ်ဆက်ထားသင့်တယ်။ အထူးသဖြင့် မြို့ပြရဲ့ လုံခြုံရေး အင်အားတို့ စကစရဲ့ခြေလှမ်း နဲ့ သတင်းအရင်းအမြစ်တွေ RSNမှာရှိတယ်။ ဒါတွေကို UG တွေအနေနဲ့ ကောင်းကောင်းအသုံးချသင့်တယ်” ဟု ရဲဘော်ပီတာကြီးက ပြောသည်။

RSN၏ မြေပြင်သတင်းရရှိမှုကြောင့် ဖမ်းဆီးခံရနိုင်သည့် UGများကြိုတင် ရှောင်တိမ်းနိုင်ခဲ့သည့် ဖြစ်စဉ်များရှိသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် RSNသည် ရန်ကုန်မြို့ပြအတွက်သာ မဟုတ်ပဲ အင်တာနက်မရရှိသည့် အညာဒေသများမှ သတင်းများကိုလည်း တိတိကျကျဖော်ပြပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက ပြောသည်။

RSNသို့ သတင်းပေးပို့လိုသူများအနေဖြင့် Rangoon Scout Network – RSN

https://t.me/rangoonscoutnetwork ၊ RSN Informer Account

https://t.me/Inform_RSN တို့မှ ဆက်သွယ်နိုင်မည်ဖြစ်သည်။