Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗကသ မြို့နယ်တာဝန်ခံ ကိုကောင်းဆက်ပိုင် ကို စစ်ကောင်စီ သေဒဏ်အမိန့်ချ

ကိုကောင်းဆက်ပိုင် အပေါ် သေဒဏ်အမိန့်ထပ်တိုးချတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားသဖြင့် တဖက်သတ်စီရင်ချက်တွေသာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။

ဓာတ်ပုံ − ABFSU
ဓာတ်ပုံ − ABFSU

ထောင်ဒဏ်တသက်ချခံထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲ့မြို့နယ် မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက သေဒဏ်အမိန့်ထပ်တိုးချလိုက်တယ်လို့သိရပါတယ်။

ကိုကောင်းဆက်ပိုင်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပြီးခဲ့တဲ့ အင်္ဂါနေ့ ဧပြီလ ၂၅ ရက်မှာ သေဒဏ် ထပ်တိုးချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ ညနေပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

Public Service Announcement
Public Service Announcement

အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ကို အကြမ်းဖက် ပုဒ်မ ၄၉(က)၊ ၅၀(ဈ) တို့နဲ့ သေဒဏ် အမိန့်ချတာလို့စုံစမ်းသိရပါတယ်။

အဲဒီပုဒ်မတွေဟာ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ က သေဒဏ်ချရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မတွေဖြစ်တာတွေ့ရပါတယ်။

ကိုကောင်းဆက်ပိုင် အပေါ် သေဒဏ်အမိန့်ထပ်တိုးချတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားသဖြင့် တဖက်သတ်စီရင်ချက်တွေသာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။

ကိုကောင်းဆက်ပိုင်ဟာ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁ရက်မှာ မြောက်ဥက္ကလာပ မြို့နယ်ထဲမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။