Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းနေရာ အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းနေရာ အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်မှုရှိဟုဆို

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်မှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဧပြီ ၂၉ ရက်)နံနက် ၉ နာရီခန့်ကစ၍ နေ့လည်ပိုင်းအထိ တိုက်လေယာဥ်များဖြင့် လေးကြိမ် ထက်မနည်း ဗုံးကြဲခြင်းများအပါအဝင် စက်သေနတ်များပါ အသုံးပြုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ပြည်သူအချို့ အထိအခိုက်ရှိတယ်လို့ ကနဦးသိရ တယ်။အခုလည်း ကင်းထောက်လေယာဉ်ပျံဝဲနေပါတယ်။လက်နက်ကြီးနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေပါတယ်”ဟု ကရင်နီလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒေသခံပြည်သူများအပေါ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိပြုလုပ်ခြင်းဖြစ်ပြီး ယမန်နေ့ကတည်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်းသို့ ကင်းထောက်လေယာဥ်ဖြင့် ထောက်လှမ်းခဲ့သည်ဟု သိရသည်။

‌”ဒီးမော့ဆိုအနောက်ခြမ်းကို စကစ ကင်းထောက် လေယာဉ်ပျံဝဲနေတယ်။အချိန်အတော်ကြာပြီ။အရင်ရက်ကလည်း နေ့တပိုင်းနီးပါး ပျံဝဲပြီး ပစ်မှတ်တည်နေရာ ယူပုံရတယ်။ဒါက စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူထုနေရာ စစ်ဘေးရှောင်နေရာကို အကြမ်းဖက်တာ”ဟု ဒီးမော့ဆိုမြို့နယ်စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ရှိသူက အသိပေးသည်။

ထို့အပြင် ယခုလ ၂၇ ရက်ညပိုင်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် နေရာတစ်ခု တိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။