Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို- မန္တလေးလမ်းပိုင်းတွင် ယာဉ်နှစ်စီးတိုက်မိ​ပြီး လူနှစ်ဦးသေဆုံး

ယခုရက်ပိုင်းအတွင်း ရွှေဘို – မန္တလေးလမ်း၊ လှတောကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Shwebo Rescue
ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Shwebo Rescue

စစ်ကိုင်းတိုင်း၊ ရွှေဘို- မန္တလေးလမ်းပိုင်းတွင် ယမန်နေ့ညနေပိုင်းက ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိရာ လူနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ် ရာရရှိကြောင်း ​သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၂၈ ရက်) ညနေ ၆ နာရီခွဲဝန်းကျင် က ရွှေဘို – မန္တလေးလမ်း၊ လှတောကျေးရွာတောင်ဘတ်အထွက်ကွေ့တွင် ခရီးသည်တင်ယာဉ်နှင့် စပါးခွံသယ်ဆောက်လာသောယာဉ် ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသားနှင့်အမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)က ပြောသည်။

“တစ်စီးက ပခုက္ကူ ချောင်းပြားရွာက ခရီးသည် တင် အန်စာတုံးကားနဲ့ စပါးခွံတွေသယ်လာတဲ့ကား မျက်နှာချင်းဆိုင်တိုက်မိတာ။ ခရီးသည်တင်ယာဉ်က ခရီးသည် ၉ ဦးလိုက်လာပြီး ဖားကန့် တက်မယ့်ကားလို့သိရတယ်။”ဟု Rescue လူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)က ပြောသည်။

သေဆုံးထိခိုက်သူများအား ရွှေဘိုမြို့ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ရွှေဘို – မန္တလေးလမ်း၊ လှတောကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။