သတင်း
ကန့်ဘလူခရိုင်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လပထမအပတ်အထိ မြွေဆိုးကိုက်ခံရသူ ၈၀ နီးပါးရှိပြီး အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
Hi, what are you looking for?
ကန့်ဘလူခရိုင်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လပထမအပတ်အထိ မြွေဆိုးကိုက်ခံရသူ ၈၀ နီးပါးရှိပြီး အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
ဇွန်လ ၁၄ ရက်နှင့် ၁၅ရက်များက ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ဘေးရှောင် အသက်(၅၅)နှစ်နှင့်(၃၁)နှစ်အရွယ် အမျိုးသမီးနှစ်ဦး မြွေကိုက်ခံရသည်။
မြွေဆိပ်ဖြေဆေးအတွက် ပြည်တွင်းBPI ထုတ်နှင့်အိန္ဒိယဆေးများကိုသုံးစွဲကာကုသပေးလေ့ရှိပြီး ယခုအခါ ရန်ပုံငွေရှားပါးခြင်း၊ သွားရေးလာရေးခက်ခဲခြင်းများကြောင့်ထိုဆေးဝါးနှစ်မျိုးလုံး ရှားပါးနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်မှု လေးခု ဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
မြေကိုက်ခံရသူ ၆၁ ဦးမှာ အမျိုးသား ၄၅ ဦးနဲ့အမျိုးသမီး ၁၆ ဦးဖြစ်ပြီး သေဆုံး သူ ၅ ဦးဟာ ဆေးကုသမှု အချိန်မီမရလိုက်လို့ ဖြစ်တယ်လို့အဲဒီအဖွဲ့ကဆိုပါတယ်။