Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ကိုပေါက်၏ YouTube ချန်နယ်ကနေပြသမည်

ယင်းဇာတ်ကားသည် CDM စစ်ဗိုလ်တစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ပြသခဲ့သည့် ရုပ်ရှင်ဖြစ်သည်။

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ကိုပေါက်၏ YouTube ချန်နယ်ကနေပြသမည်
မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ကိုပေါက်၏ YouTube ချန်နယ်ကနေပြသမည်

နွေဦးတော်လှန်‌တော်လှန်ရေးအတွက် ရန်ပုံငွေ သိန်းတစ်သောင်းကျော်ရှာဖွေပေးနိုင်ခဲ့သည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို ဒါိရိုက်တာကိုပေါက်၏ ကိုယ်ပိုင် YouTube ချန်နယ်မှ မေ ၆ ရက်တွင်တင်ပေးမည်ဖြစ်သည်။

“မကြည့်ရသေးသော ပရိသတ်ကြီးအတွက် Kopauk youtube channel ကနေပြသပေးတော့မှာဖြစ်ပါတယ်။အဲ့ဒါကြောင့် subscribe လုပ်ထားပေးကြပါအုံး။” ဟု ကိုပေါက်က အသိပေးထားသည်။

မေလ ၆ ရက် ညနေ ၅ နာရီတွင် YouTube ၌ တင်ပေးမည်ဟု ဆိုသည်။

ယင်းဇာတ်ကားသည် CDM စစ်ဗိုလ်တစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ပြသခဲ့သည့် ရုပ်ရှင်ဖြစ်သည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်တစ်ကားလုံးကို iPhone 11 Max နှင့် ရိုက်ကူးတည်းဖြတ် ထားကြောင်း ကိုပေါက်ကဆိုသည်။

ယင်းဇာတ်ကားမှရရှိလာသည့် ရန်ပုံငွေ သိန်းတစ်သောင်းကျော်ကို ကာကွယ်ရေးဝန်ကြီးဌာနနှင့်တိုင်ပင်၍ မြေပြင်မှလိုအပ်သည့်နေရာများကို လှူဒါန်းခဲ့ကြောင်း ကိုပေါက်ကပြောကြားထားသည်။

လတ်တလောတွင် ကိုပေါက်၏ တော်လှန်ရေးဖြတ်သန်းမှုများကို ရိုက်ကူးထားသော ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင်ကိုနိုင်ငံအသီးသီး၌ ရုံတင်ပြသလျက်ရှိသည်။