Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းရှာစစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ယမန်နေ့ (မေလ ၄ရက်) နံနက် ၁နာရီခန့်လည်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ဦးတည်ထွက်ခွာလာသော အင်အား၉၀ခန့်ပါ စစ်ကားသုံးစီးအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းနှစ်ကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့သေးသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းလာရှာသော စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (မေလ ၅ရက်) နံနက် ၁၀နာရီကျော်က မုံရွာ – မန္တလေးလမ်းတစ်လျှောက် မိုင်းရှာထွက်လာသော အင်အား (၃၀)ပါ စစ်ကောင်စီတပ်အား ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာကြားရှိ မိုင်းကွင်းပေါ်အရောက် ပဒေသာမိုင်း (၈)လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးမှုများနိုင်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ခံကဆိုသည်။

စစ်ကောင်စီယာဥ်တန်းများမဖြတ်သန်းမီ ကြိုတင်မိုင်းရှင်းလေ့ရှိပြီး ထိုစစ်ကြောင်းသည် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှ ခြေလျင်ဖြင့်မိုင်းရှာထွက်လာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“သူတို့မိုင်းရှင်ပြီးရင်တော့ စစ်​ကောင်စီတပ်ယာဥ်တန်းတွေ ဖြတ်တတ်တယ်။ အခု လောလောဆယ်ထိတော့ စခယာဥ်တန်းဖြတ်တာမရှိသေးဘူး။ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်သားတွေကို ချောင်းဦးဘက်ကို ၁၄ပေကားနဲ့ တင်သွားပြီး ချောင်းဦးမြို့အရောက်မှာ ကျန်းမာရေးကား နှစ်စီးနဲ့ မုံရွာဘက်ကိုသယ်သွားတယ်လို့ သတင်းရပါတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People’s Defence Force TGR) ၊ မြင်းမူမြို့နယ် ပ.က.ဖ၊ People’s Defence Force Myinmu-MMU PDF စသည့် မဟာမိတ်(၄)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ (မေလ ၄ရက်) နံနက် ၁နာရီခန့်လည်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ဦးတည်ထွက်ခွာလာသော အင်အား၉၀ခန့်ပါ စစ်ကားသုံးစီးအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းနှစ်ကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့သေးသည်။