Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဂုံတိုင် မိုင်တဲလ် Showroom ကိုDark Shadow က ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်

Dark Shadow (YGN UG) အဖွဲ့အနေဖြင့် တော်လှန်ရေးပြီးဆုံးသည့် အချိန်အထိ မြို့ပြပြောက်ကျားတော်လှန်ရေးလုပ်ငန်းစဉ်များဖြင့်တိုက်ပွဲဝင်သွားမည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Mytel Showroom ။(ပုံအ​ဟောင်းဖြစ်ပါသည်)ဓါတ်ပုံ-Mytel)
(ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Mytel Showroom ။(ပုံအ​ဟောင်းဖြစ်ပါသည်)ဓါတ်ပုံ-Mytel)

အာဏာသိမ်း​ခေါင်းဆောင်မိသားစုနှင့် စစ်အုပ်စုအဓိကပိုင်ဆိုင်သည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ Mytel Showroom ကိုယ​နေ့ညဦးပိုင်းတွင်ချိန်ကိုက်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် စီ‌ဂျီကပြောသည်။

ဗဟန်းမြို့နယ် ယုဇနတာဝါရှိ မိုင်တဲလ် Showroom ကို မေလ ၅ ရက် ည ၆နာရီ ၅၀ မိနစ်တွင် ချိန်ကိုင်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ယင်းဘေးရှိ စစ်ကောင်စီထောက်တိုင်များ(လျှပ်စစ်၊ စည်ပင် ၊ ရဲ ၊‌ ယာဉ်ထိန်းရဲ ) စုစည်းလေ့ရှိသည့် အရက်ဆိုင်ကိုပါ ည ၇ နာရီတွင် ချိန်ကိုက်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု၎င်ယကဆက်​ပြောသည်။

ယင်းနေရာကိုတိုက်ခိုက်ပြီးချိန်တွင်စစ်ကောင်စီလက်နက်ကိုင်များ ချက်ချင်းရောက်ရှိလာကာ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဗဟန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

အ‌ဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိမရှိကို မသိရသေးကြောင်း နှင့် စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းကြောင်း ရဲဘော်စီ‌ဂျီကပြောသည်။

” အကြိမ်ကြိမ်လဲပြောခဲ့ပြီးပါပြီ။ စကစရဲ့ထောက်တိုင်တွေနဲ့ဝေးရာကရှောင်ရှားသွားလာကြပါလို့ပဲထပ်ပြောချင်ပါတယ်” ဟု ၎င်းက ပြည်သူများသို့မေတ္တာရပ်ခံသည်။

Dark Shadow (YGN UG) အဖွဲ့အနေဖြင့် တော်လှန်ရေးပြီးဆုံးသည့် အချိန်အထိ မြို့ပြပြောက်ကျားတော်လှန်ရေးလုပ်ငန်းစဉ်များဖြင့်တိုက်ပွဲဝင်သွားမည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။