Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရေးနည်းလမ်းများ ဖော်ဆော်ပေးရန်အရေးတကြီးလိုအပ်နေဟု NUGနှင့် EROများက နိုင်ငံတကာသို့အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့က အသိပေးလိုက်ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ် ပြည်သူများအား ၂၀၂၃ မတ်လ ၆ရက်က တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ် ပြည်သူများအား ၂၀၂၃ မတ်လ ၆ရက်က တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

အာဆီယံ၊ ကုလနှင့် နိုင်ငံတကာမိတ်ဖက်များပေါင်းပြီး နယ်စပ်ဖြတ်ကျော်ကူညီမှု အားကောင်းရေးလုပ်ဆောင်ပေးရန် တောင်းဆို

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပိတ်ပင်တားဆီးမှုများကြောင့် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေသော မြန်မာပြည်သူများအား ထောက်ပံ့မှုပေးနိုင်ရေး နည်းလမ်းများကို အမြန်ဆုံးဖော်ဆောင်ပေးရန် အရေးတကြီးလိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်(ERO)အချို့က ယနေ့တွင် ပူးတွဲထုတ်ပြန်ချက်ဖြင့် အာဆီယံအပါအဝင် နိုင်ငံတကာအား အသိပေးလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့က အသိပေးလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်သူအားလုံးအတွက် လူသားချင်းစာနာထောက်ထားပံ့ပိုးမှု Inclusive Hamanitarian Forum(IHF)နှင့် လူသားချင်းစာနာကူညီမှုအတွက် အာဆီယံညှိနှိုင်းရေးရုံး(AHA Centre)အပေါ် ပူးတွဲထုတ်ပြန်ချက်၌ လွန်ခဲ့သည့် နှစ်နှစ်အတွင်း စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ ၁ ဒသမ ၅ သန်းကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ဖော်ပြသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများအား နယ်မြေအနှံ့အပြားတွင် ပေးအပ်နေခြင်းကို စစ်ကောင်စီတပ်က ပြင်းထန်စွာ ပိတ်ဆို့တားဆီးနေ၍ မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ရပ်ကို ရင်ဆိုင်နေရကြောင်း၊ ယင်း အခြေအနေကို ဖြေရှင်းရန် လူသားချင်း စာနာကူညီမှု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် လွတ်လပ်သည့် ဒေသခံအဖွဲ့များက စွမ်းစွမ်းတမံ ဆောင်ရွက်နေသော်လည်း အရင်းအမြစ်လိုအပ်ချက် လွန်စွာကြီးမားနေကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

အာဆီယံ AHA Centre ၏ ကြိုးပမ်းမှုသည် အဆိုပါ အကျပ်အတည်းကို အသိအမှတ်ပြုပြီး အကူအညီလိုအပ်နေသည့် ပြည်သူအချို့အား ကူညီပေးရန်ဖြစ်သည်ဟု နားလည်ကြောင်း၊ မေလ ၇ရက်က ရှမ်းပြည်နယ် ဆီဆိုင်သို့သွားရောက်သော အာဆီယံသံတမန်အချို့နှင့် AHA ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ကို စစ်ကောင်စီတပ်နှင့် ဆက်စပ်မှုရှိသည့်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့ကြောင်း ကြားသိရကြောင်း၊ ယင်းအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဘေးကင်းလုံခြုံစွာဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း သတိပေးချက်အဖြစ် ရှုမြင်ရမည်ဟု နားလည်ကြောင်း ထုတ်ပြန်ခဲ့သည်။

အာဆီယံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း လုပ်ငန်းကို နိုင်ငံကာက အသိအမှတ်ပြုပြီး အကူအညီများ ပိုမိုပေးအပ်နိုင်စေရန် အတွက် လူသားချင်း စာနာကူညီမှု လုပ်ငန်းများတွင် ကုလသမဂ္ဂနှင့် ပြင်ပက မိတ်ဖက်အဖွဲ့အစည်းများနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် ဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကိုယ်စား ကရင်၊ ကရင်နီ၊ ချင်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အာဆီယံခေါင်းဆောင်များကို အလေးအနက် တိုက်တွန်းခဲ့သည်။

ပူးတွဲထုတ်ပြန်ချက်အတွက် ဆက်သွယ်ရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆောဆာကဒါးဖောစိုးက ယခု ကြေညာချက်သည် မြန်မာပြည်သူများကို ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့များက အတူတကွ ပူးပေါင်း ကူညီရေး တောင်းဆိုခြင်းဖြစ်သည်ဟု ပြောသည်။

“ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အောက်တည့်တည့်မှာကတော့ အကူအညီပေးဖို့အတွက်က စစ်ကောင်စီရဲ့ တားမြစ်ချက်တွေကြောင့် ကျနော်တို့ရဲ့ ဒေသတွေပေါ့ တကယ့် IDP စစ်စစ်တွေပေါ့ ပြောရမယ်ဆိုရင် တကယ့် အတိဒုက္ခရောက်နေတဲ့ သူတွေရဲ့ဒေသကိုရောက်ဖို့ကတော့ တော်တော်ခက်တယ်။ သူတို့က ခွင့်မပြုတာပေါ့ စစ်ကောင်စီအဖွဲ့ကပေါ့။ ဒါပေမဲ့ ကျနော်တို့ နယ်စပ်မှာက အနည်းနဲ့အများလေးတော့ အသက်ရှင်ရေးအတွက် ရှိတာပေါ့။ အာဆီယံကတော့ သူတို့ရဲ့ အာဆီယံ ဥက္ကဋ္ဌ ပြောင်းလဲပြီးနောက်မှာ အင်ဒိုနီးရှားက ဦးဆောင်ပြီး လုပ်တဲ့နေရာမှာတော့ သူတို့ ကြိုးစားပြီးလုပ်တာရှိတယ်။ ဒါပေမဲ့ အသီးအပွင့်တော့ အခုထက်ထိ မတွေ့ရသေးဘူး။ ဒါလည်း သူတို့ အခက်အခဲတွေ တချို့တဝက်ရှိမယ်လို့ ကျနော်တို့ ထင်တာပေါ့”ဟု ပဒိုစောဆာကဒါးဖောစိုးက ပြောသည်။

ပြည်တွင်းမှတဆင့် မြန်မာပြည်သူများကို ကူညီနိုင်ရေးမှာ စစ်ကောင်စီ၏ ဟန့်တားပိတ်ဆို့မှုများကြောင့် များစွာ အခက်အခဲရှိနေသည်ဟု ဆိုသည်။

“ပြည်တွင်းကနေ ဖြစ်လာဖို့ဆိုတာက အခက်အခဲအများကြီးရှိတယ်။ ကျနော်တို့ကတော့ လက်ရှိ ရှိနေတဲ့ နယ်စပ်ဖြတ်ကျော်ပြီး ကူညီတဲ့ဟာကို အားထပ်ဖြည့်ဖို့လိုအပ်တဲ့ အကူအညီတွေကလည်း အရင်ထက်များနေတဲ့ ဟာတွေအပေါ်မူတည်ပြီး နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေ ပဲဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်ပဲဖြစ်ဖြစ် ဒါကတော့ လိုအပ်မှုတစ်ခုဖြစ်လာတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ကုလသမဂ္ဂရယ် အာဆီယံအဖွဲ့အစည်း အသိုင်းအဝိုင်းရယ် နိုင်ငံတကာက မိတ်ဖက် အဖွဲ့အစည်းတွေကို နယ်စပ်ဖြတ်ကျော်ပြီးတော့ ကူညီတဲ့ဟာကို ပိုပြီးတော့ အားကောင်းလာစေချင်တာပါ” ဟုလည်း ပဒိုစောဆာကဒါးဖောစိုးက ပြောသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အမြန်အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ စိုးရိမ်ပူပန်မှုကို နားလည်ကြောင်း၊ ထို့အတူ အကူအညီ လိုအပ်နေသော ပြည်သူအားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ခွင့်ပြုပေးရန် လိုအပ်ကြောင်း၊ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်မှုများ အရှိန်အဟုန်မြှင့်မားနေခြင်းမှာ မြန်မာစစ်တပ်၏ အာဏာကို တရားမဝင် အတင်းအဓမ္မ သိမ်းယူထားလိုမှုကြောင့် ဖြစ်သည်ကို နားလည်ထားရမည်ဖြစ်ကြောင်း NUGနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပူးတွဲထုတ်ပြန်ခဲ့သည်။