Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်စဉ်တွေ ထူပြောလာတဲ့အပေါ် အာဆီယံ စိုးရိမ်

မြန်မာနိုင်ငံ အနှံ့မှာ အကြမ်းဖက်မှုပြဿနာတွေ ပျံ့နှံ့နေတဲ့အပေါ် အလေးအနက် စိုးရိမ်တယ်လို့ အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံက ရှုတ်ချခဲ့ပါတယ်။ ကျင်းပနေဆဲ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံ အနေနဲ့ ပါးစပ်ပိတ်ပြီးငုတ်တုပ်ထိုင်နေမလား၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ကူညီမောင်းနှင်ပေးတဲ့အင်အားစုတစ်ခုအဖြစ်ရပ်တည်မလား ဆိုတာကို ဆုံးဖြတ်သင့်ပြီလို့​ပြောပါတယ်။

(အင်ဒိုနီးရှားသမ္မတဦး​ဆောင်​သောအင်ဒိုအစိုးရတာဝန်ရှိသူများကိုအာဆီယံထိပ်သီးအစည်းအ​ဝေးတွင်​တွေ့ရမှု/အာဆီယံထိပ်သီးအစည်းအ​ဝေးမှမြန်မာနိုင်ငံထိုင်ခုံလွတ်။ ဓါတ်ပုံ-Ruetir ၊ ရိုက်တာ)
(အင်ဒိုနီးရှားသမ္မတဦး​ဆောင်​သောအင်ဒိုအစိုးရတာဝန်ရှိသူများကိုအာဆီယံထိပ်သီးအစည်းအ​ဝေးတွင်​တွေ့ရမှု/အာဆီယံထိပ်သီးအစည်းအ​ဝေးမှမြန်မာနိုင်ငံထိုင်ခုံလွတ်။ ဓါတ်ပုံ-Ruetir ၊ ရိုက်တာ)

▪️မင်းတပ်နယ် စစ်ရှောင်များနေထိုင်တဲ့ရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်တဲ့ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူအချို့ထိခိုက်မှုရှိပြီး နေအိမ်မီးလောင်ပျက်စီးမှုများရှိတယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။ မနေ့က မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်မှ ကျေးရွာနှစ်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ ကျေးရွာအမည်များကို ဖော်ပြမထားပေမယ့် နေအိမ်ပျက်စီးမှု အခြေအနေကို ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဖော်ပြခဲ့ပါတယ်။

▪️ဖယ်ခုံ-ပင်လောင်းမြို့နယ်တစ်လျှောက် တိုက်ပွဲများ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေဟု KNDF ပြော

ဖယ်ခုံ-ပင်လောင်းမြို့နယ်တစ်လျှောက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တာဝန်ရှိသူက ပြောပါတယ်။ ဒီလဆန်းပိုင်းကစလို့ အင်အားထပ်မံဖြည့်တင်းပြီး တစ်ကျော့ပြန် စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ တောင်မဲသင်းရွာမှတဆင့် ဖယ်ခုံဘက်ခြမ်းရှိ တောင်စလုံးနဲ့ မြောက်စလုံးကျေးရွာတို့ကို နယ်မြေစိုးမိုးနိုင်ရေးကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က တစ်ရက်လျှင် သုံးကြိမ်နှုန်းထက်မနည်း လေကြောင်းမှတိုက်ခိုက်မှု အပါအဝင် ရာနှင့်ချီသော လက်နက်ကြီးကျည်များကို ခုခံနေရတဲ့ ကရင်နီပြည်နယ်ရဲ့ စစ်ဆင်ရေးမှာ ပိုမို ပြင်းထန်လာဖွယ်ရှိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။

(ဖယ်ခုံမြို့နယ် စစ်မျက်နှာတစ်ခုအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ဖယ်ခုံမြို့နယ် စစ်မျက်နှာတစ်ခုအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️ဖားကန့်မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး နှစ်ဦးသေဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့မှာ မနေ့ညနေက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ရှိ ညောင်ပင်ကုန်းအတက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ ဖောက်ခွဲတိုက်ခိုက်တဲ့အဖွဲ့ကို မသိရသေးပါဘူး။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့တွင် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသည့် ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့တွင် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသည့် ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ဆိပ်ဖြူနယ်ရှိ ကပစ (၂၂)ကို PDFများ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ ကာကွယ်ရေးပစ်စည်းစက်ရုံ ကပစ (၂၂)ကို ဒုံး ၁၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း Droneအထူးတပ်ရင်း၊ တပ်ခွဲ(၅) သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ( B.H.S.R.F)တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မေ ၇ ရက် မနက်ပိုင်းက ကပစ (၂၂)အတွင်းရှိ လက်နက်များထားရှိတဲ့ အဆောက်အအုံနေရာကို သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ( B.H.S.R.F)နဲ့ ပခုက္ကူခရိုင် အမှတ် (၁၁)တပ်ရင်း-ပြည်သူ့စွမ်းအား တပ်ပေါင်းစု (PPC)တို့ပူးပေါင်းကာ B.H.S.R.F ထုတ်လုပ်တဲ့ Short Range Missile (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း Missile (၁၂)လုံးပစ်ခဲ့ရာ ကပစ -၂၂(ဆိပ်ဖြူ)မှ ၆ လုံးတန်းခေါ် လက်နက်စက်ရုံတစ်ခု ထိခိုက်ပျက်စီးသွားတယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက အသိပေးပါတယ်။

(ကပစ စက်ရုံ (၂၁) မင်းဘူးခရိုင်တပ်ရင်းက ဧပြီလက ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG)
(ကပစ စက်ရုံ (၂၁) မင်းဘူးခရိုင်တပ်ရင်းက ဧပြီလက ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG)

▪️ရွှေဘိုအနောက်ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မေလ ၈ ရက် မနက်ပိုင်းက ရွှေဘိုနယ် အနောက်ခြမ်းရှိ သရက်ပင်ဝန်းကျေးရွာသို့ ဝင်ရောက်ကာ နေအိမ် ၂၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ရွှေဘိုနယ်အရှေ့ခြမ်းရှိ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သုံးကြိမ်တိတိ လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – ARMY သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - CJ
သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ – CJ

▪️သေဆုံးထိခိုက်မှုများတဲ့ ဒေသတွေမှာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဆက်သွယ်မှုများလာဟုဆို

စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားနေတဲ့ ကရင်၊ ကရင်နီနဲ့ ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီတပ်သားများမှာ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာမှု များပြားလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်၊ ပြည်သူ့ရင်ခွင်ကော်မတီတာဝန်ခံ ဦးမောင်မောင်ဆွေက ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်သား လေးဦးဟာ ရေခပ်ဆင်းထွက်ချိန် လက်နက်များနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ပါတယ်။ အဲဒီ တပ်ဖွဲ့ဝင် လေးဦးနဲ့ ဦးမောင်မောင်ဆွေတို့ အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီတပ်သားများ ဘက်ပြောင်းလာလိုသူ များပြားတယ်လို့ ပြည်သူ့ရင်ခွင်ကော်မတီတာ၀န်ခံက ပြောပါတယ်။