Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စလင်းနယ် သရက်တောရဲစခန်းကို PDFများ ဝင်ရောက်တိုက်ခိုက်

မေလ ၁၀ ရက် နံနက် ၃ နာရီခွဲခန့်က စစ်ကောင်စီလက်အောက်ခံ သရက်တောနယ်မြေရဲစခန်းအား PDF ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းရန်ပြင်ဆင်ထားခဲ့သော်လည်း သတင်းပေါက်ကြားမှုကြောင့် မအောင်မြင်ခဲ့ဟု ဆိုသည်။

(စလင်းနယ်အခြေစိုက် PDF စလင်း မှ တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - PDF စလင်း)
(စလင်းနယ်အခြေစိုက် PDF စလင်း မှ တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - PDF စလင်း)

မကွေးတိုင်း စလင်းမြို့နယ်ရှိ သရက်တောနယ်မြေရဲစခန်းကို ဒေသအခြေစိုက် PDF ရဲဘော်များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြော သည်။

မေလ ၁၀ ရက် နံနက် ၃ နာရီခွဲခန့်က စစ်ကောင်စီလက်အောက်ခံ သရက်တောနယ်မြေရဲစခန်းအား PDF ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းရန်ပြင်ဆင်ထားခဲ့သော်လည်း သတင်းပေါက်ကြားမှုကြောင့် မအောင်မြင်ခဲ့ဟု ဆိုသည်။

“သတင်းပေါက်ကြားမှုကြောင့် စခန်းမသိမ်နိုင်ဘဲ တိုက်ပွဲဖြစ်ပြီး ပြန်လာရတယ်။ (PDF)ရဲဘော်တစ်ဦးကျတယ်လို့ သိရတယ်ဗျ။ (သရက်တောစခန်း)စခန်းမှူးကတော့ ပေါင်မှာကျည်ထိမှန်ပြီး ဆေးရုံတင်ထားရတယ်”ဟု စလင်းဒေသခံပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါ သရက်တောရဲစခန်းအား မတိုက်ခိုက်မီရက်ပိုင်းအလိုက စလင်းနယ် ကုန်းခြားရွာအုပ်ချုပ်ရေးမှူး၏ တပည့်သုံးဦးကို PDF ရဲဘော်များက အရှင်ဖမ်းမိခဲ့ရာမှ သုံးဦးလုံး ထွက်ပြေးလွတ်မြောက်သွားရာ စခန်းသိမ်းတိုက်ပွဲဆင်မည့်အခြေအနေကို စစ်ကောင်စီဘက်က သတင်းရသွားပြီး တပ်အင်အားဖြည့်ကာ ကြိုတင်ပြင်ဆင်ချိန်ရသွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့ကြောင့် သရက်တောစခန်းအား စီးနင်းချိန်တွင် စခန်းရှိရဲမိသားစုများကို ဘေးလွတ်ရာပြောင်းရွှေ့ထားသည့်အပြင် စစ်ကောင်စီတပ်များပါ စခန်းသို့ တပ်ကူရောက်ရှိနေပြီး စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း PDF တပ်ဖွဲ့များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

အထက်ပါ သရက်တောစခန်း စီးနင်းတိုက်ခိုက်မှုတွင် PDF တပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး သရက်တောစခန်းမှူးဆိုသူ ပေါင်မှာကျည်ထိကာ ဆေးရုံပို့လိုက်ရကြောင်း စုံစမ်းသိရသည်။