Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာ့အရေးက အာဆီယံအသိုင်းအဝိုင်းရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားမဖြစ်သင့်ဘူးလို့ အင်ဒိုသမ္မတပြော

လက်ရှိမြန်မာ့အခြေအနေက အာဆီယံအသိုင်းအဝိုင်းရဲ့ဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ရေးကြိုးပမ်းမှုတွေကို အဟန့်အတားမဖြစ်သင့်ဘူးလို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ သမ္မတဂျိုကိုဝီဒိုဒိုက ပြောဆိုခဲ့တာပါ။ မနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူ(stakeholder)အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လက်လုပ်ဆောင်ဖို့ ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို အားပေးထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။

▪️KNU နယ်မြေမှာ ဒီနှစ်အတွင်း စစ်ကောင်စီ တပ်ရင်းမှူးလေးဦးအပါအဝင် ၁,၇၀၀ ကျော်သေဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဒီနှစ်လေးလတာအတွင်း တိုက်ပွဲ ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ KNUဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ မှ ဧပြီအထိ လေးလအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၊ ၎င်းတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတ​ယ်။ စစ်အုပ်စုဘက်မှ ၁,၇၃၆ ဦးသေဆုံးကာ ၁,၁၈၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲ တပ်ရင်းမှူးလေးဦး၊ ဒုတပ်ရင်းမှူး ငါးဦးပါဝင်တယ်လို့ ဖော်ပြပါတယ်။ KNLAနဲ့ KNDO ဘက်မှ ၅၉ဦး ကျဆုံးကာ ၁၉၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

(ရှေ့တန်းစစ်မျက်နှာတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော KNU တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ရှေ့တန်းစစ်မျက်နှာတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော KNU တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

▪️CDF ဆဲန်ထန်ဌာနချုပ်နဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်(CDF) – ဆဲန်ထန်(Senthang)ရဲ့ ဌာနချုပ်နဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီက မနေ့ညသန်းခေါင်အချိန်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၈ ရက်မှာ CDF ဆဲန်ထန် ဌာနချုပ်နဲ့ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ညက ထပ်မံတိုက်ခိုက်လာတာပါ။ မနေ့ညက တိုက်ခိုက်မှုမှာ အဆောက်အဦထိခိုက်မှုရှိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ CDF ဆဲန်ထန် သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ဧပြီ ၁၀ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ဧပြီ ၁၀ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ – CJ)

▪️ဘော်လခဲမြို့တွင်းတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဝန်ထမ်းနဲ့ အသိုင်းအဝိုင်းများထွက်ပြေးကာ အရာရှိများမှာ အခကြေးငွေပေးကာ ရဟတ်ယာဉ်နဲ့ ထွက်ခွါအသုံးပြုခွင့်ရရှိတယ်လို့ မြို့ခံသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်မှာ ထွက်ပြေးတဲ့ ဝန်ထမ်းများရဲ့ အချက်အလက်ကို သိမ်းဆည်းခြင်း၊ ဖုန်းများ စစ်ဆေးမှုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဘော်လခဲမြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာလေးခုကို မေလ ၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(မေလ ၁ ရက်က ဘောလခဲမြို့တွင်းတိုက်ပွဲအတွင်းတွေ့ရသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BPDF)
(မေလ ၁ ရက်က ဘောလခဲမြို့တွင်းတိုက်ပွဲအတွင်းတွေ့ရသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – BPDF)

▪️အဖွဲ့အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံတဲ့ဖြစ်စဥ်ကို KNDF စုံစမ်းနေ

အဖွဲ့ရဲ့ အမှတ်တံဆိပ်(LOGO)အသုံးပြုပြီး မသမာသူများက လိမ်လည်ခြိမ်းခြောက်ငွေတောင်းခံတဲ့ ဖြစ်စဥ်ကို စုံစမ်းဖော်ထုတ်မ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ပြောသည်။ သိန္ဒီမြို့ရှိ လုပ်ငန်းရှင်မိသားစုတစ်စုထံပေးပို့ထားတယ်ဆိုတဲ့ KNDF အမှတ်တံဆိပ်ဖြင့် ငွေတောင်းခံစာတစ်စောင်မှာ လူမှုစာမျက်နှာမှာ တွေ့ရှိရပြီးနောက် KNDF က ဒီနေ့ တရားဝင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့တာပါ။ KNDF ဟာ သိန္ဒီမြို့မှာ စစ်ရေးအရသော်လည်းကောင်း၊ ဆက်ဆံရေးရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း လှုပ်ရှားခြင်းမရှိဘူးလို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

▪️မုံရွာ-မန္တလေးလမ်းပိုင်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ တပ်မ (၃၃)မှထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ မိုင်းလာရှင်းတဲ့ စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ မိုင်းရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောပါတယ်။ ညနေပိုင်းမှာလည်း မုံရွာ – မန္တလေးလမ်းမပေါ် ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ ယာဥ်တန်း မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။

(စစ်ကိုင်းတိုင်း တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ – CJ)

▪️ရေဦးနယ် စစ်အုပ်စုအထိုင်စခန်း လေးခုကို လက်နက်ကြီးများနဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများ အထိုင်ချရာ စခန်းလေးခုကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့ရာ အထိအခိုက်များတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ၊ အမှတ်(၁) ရွှေဘိုခရိုင်ကွပ်ကဲရေး၊ လက်နက်ကြီးအဖွဲ့က လက်နက်ကြီးများနဲ့ တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အရာရှိနှစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကာ ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။