Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရာဇာဂြိုလ်ရွာ၌ ယနေ့ တိုက်ပွဲပြင်းထန်၊ ကလေး PDFမှ ရဲဘော်တစ်ဦး ကျဆုံး

ရာဇာဂြိုလ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ (မေလ ၁၁ရက်) နံနက် ၅ နာရီခန့်က ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)က တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

(ကလေး PDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေး PDF)
(ကလေး PDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း ကလေးမြို့ ရာဇာဂြိုလ်ကျေးရွာ၌ ယနေ့နံနက်ဖြစ်ပွားသောတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရာဇာဂြိုလ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ (မေလ ၁၁ရက်) နံနက် ၅ နာရီခန့်က ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)က တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“တိုက်ပွဲပြင်းထန်နေချိန်မှာ ဂျက်ဖိုက်တာနဲ့လည်းလာပစ်တယ်။ မြေပြင်က‌နေလည်း သံချပ်ကာကားတွေနဲ့ လာပါတယ်။ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့ပါတယ်။ သူ့အတွက် ကျွန်နော်တို့ အလုပ်တွေလုပ်သွားမယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ကျဆုံးခဲ့သည့်ရဲဘော်မှာ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)မှ ရဲဘော်ကျော်ကြီး ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို လက်တလောမသိရှိရသေးပေ။ ယမန်နေ့က ကလေးမြို့တောင်ပိုင်းရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီဘက်မှ သေဆုံးသူများရှိခဲ့သည်ဟု သတင်းရရှိသည်။ ထို့နောက် မေလ ၁၀ရက်ညတွင် ကလေးမြို့တောင်ပိုင်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ပစ်သော လက်နက်ကြီးကျည် ငါးလုံးသည်လက်ပံချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့သည်။