Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတ မီးရထားရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအချို့နှင့်မီးရထားဝန်ထမ်းအချို့ ဖမ်းဆီး

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

(ဟင်္သာတဘူတာ အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဟင်္သာတဘူတာ အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဧရာဝတီတိုင်း ဟင်္သာတမြို့၊ မီးရထားတိုင်း(၉)ရုံးအနီးတွင် ယမန်နေ့ (မေလ ၁၂ ရက်) နံနက်က ဗုံးပေါက်ကွဲပြီးနောက် ဒေသခံအချို့နှင့်မီးရထားဝန်ထမ်းအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

” ဘူတာနားမှာ ဗုံးကွဲတယ်။ စစ်တပ်က မြို့ထဲက သူတို့သံသယရှိတဲ့ လူတွေကို လိုက်ဖမ်းတယ်။ မီးရထားဝန်ထမ်း ခြောက်ယောက်လည်း ဖမ်းသွားတယ်ကြားတယ်။ အသေးစိတ်မကြားရသေးဘူး”ဟု ဟင်္သာတမြို့ဘူတာအနီးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မြို့ခံလူငယ် ငါးဦးထက်မနည်းဖမ်း‌ဆီးထားပြီး ‌ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။

သို့သော် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအ‌နေကို မသိရသေးပေ။

Public Service Announcement
Public Service Announcement

“မြို့ထဲက လူတွေလိုက်ဖမ်းတာ။ တချို့ကို ငွေနဲ့ ပြန်ရွေးထုတ်ခိုင်းတယ်။ သူတို့ကိုယ်တိုင်ကတော့ စခန်းထဲက‌နေ မထွက်ရဲတော့ဘူး”ဟု ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းအနီးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးပေ။

ဟင်္သာတမြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း၌ စစ်ကောင်စီပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုအရှိန်မြင့်လာနေသည်။ မေလ ၇ရက်က ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ရာ မြို့နယ်ရဲမှူးကျော်မိုး သေဆုံးခဲ့သည်။

မေလ ၆ရက်ညကလည်း ဘိုကလေးမြို့နယ်ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့သေးသည်။

ထို့အပြင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ကြပ်ကြီး‌ အောင်ထက်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။