Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့အဝင်လမ်းများအား စစ်ကောင်စီတပ် ဖျက်ဆီးမှု၊ သစ်ပင်ကြီးများ ခုတ်လဲပိတ်ဆို့မှု မှတ်တမ်းဓာတ်ပုံများ KNU ထုတ်ပြန်

(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)

အာဏာသိမ်းစစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများ အသုံးပြု ဖျက်ဆီးခဲ့သည့်အပြင် သစ်ပင်ကြီးများ ခုတ်လဲပိတ်ဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က ယနေ့ မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။

မေလ ၁၄ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးမင်း၏ ညွန်ကြားချက်အရ စကခ (၁၉) လက်အောက်ခံ တပ်ရင်း (၃၄၃) ဒုရင်းမှူးဦးဆောင်ပြီး ကော့ကရိတ် – ကြာအင်းဆိပ်ကြီး မြို့ချင်းဆက် ကွန်ကရစ်လမ်းအား ခရီးသွားလာရေးများ ပိတ်ဆို့ထားကာ ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ခန့်မှန်း ကိုက် ၁၀၀ ခန့်မှနေ၍ အလျှား၂၀ ပေ၊ အနံ ၆ပေ၊ နှင့် အနက် ၆ပေ ခန့်ကို ဘူဒိုဇာဖြင့် လာရောက်တူးဖောက် ဖျက်ဆီးသွားခဲ့သည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

ထို့ပြင် ကော့ရိတ် – ကျိုက်ဒုံ ကွန်ကရစ်လမ်း နှင့် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာအဝင် လမ်းများအား တူးဆွဖျက်စီးပြီး သစ်ပင်ကြီးများဖြင့် ခုတ်လဲပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ လူမဆန် ယုတ်မာသော အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူများ၏ ခရီးသွားလာရေး နှင့် စားဝတ်နေရေးဆိုင်ရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်း ခံရသည့်အပြင် ဒေသခံပြည်သူများ၏ အရေးပေါ် ကျန်းမာရေးကိစ္စအတွက် ဆေးရုံ ဆေးခန်းသို့ သွားလာရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

စစ်ကောင်စီတပ်သည် မေလ ၁၄ရက် ညပိုင်းတွင်လည်း ကော့ကရိတ်အခြေစိုက် ခလရ(၉၇) လက်အောက်ခံတပ်က လက်နက်ကြီး ပစ်ခတ်၍ နောင်တလာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူလူထုနေအိမ် နှစ်လုံး ပျက်စီးခဲ့ရသည်ဟုဆိုသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများအသုံးပြု ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

စစ်ကောင်စီတပ်များသည် နေ့စဉ်နှင့်အမျှအပြစ် မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ လာရောက် ဗုံးကြဲပစ်ခတ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခြင်းများ ပြုလုပ်လျှက်ရှိပြီး အပြစ်မဲ့ ပြည်သူများ၏ အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အတင်း အဓ္ဓမ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်းနှင့် လူမျိုးတုန်း မြေလှန်သတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို ကျူးလွန်လျက်ရှိကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။