Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြ​ည်သူ့ရင်ပြင်ရှေ့ YBS ယာဥ်တစ်စီး မီးလောင်

အဆိုပါ YBS ယာဥ် မီးလောင်မှုကြောင့် ပြည်လမ်း ပြည်သူ့ရင်ပြင်အနီး၌ လမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ရှင်းလင်းနေပြီဖြစ်ကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြို့၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့ (မေလ ၁၅) နံနက်က YBS(၇၈)ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၁၀ နာရီခန့်က YBS (၇၈)ယာဥ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို မီးသတ်ကား (၃)စီးဖြင့် ​သွားရောက်ငြှိမ်းသတ်ခဲ့​ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

“မနက်က ရင်ပြင်ရှေ့မှာ YBS (၇၈)မီးလောင်တာပါ။ ကားနောက်ပိုင်းတစ်ခုလုံး မီးတွေ တော်တော် လောင်တာ တွေ့လိုက်ရတယ်။ နောက်ဘက် အင်ဂျင်ခန်းက အပူလွန်ပြီး လောင်တာလို့ ပြောကြတယ်။ မီးသတ်ကားတွေ လာငြှိမ်းသွားပါပြီ။ ခရီးသည်တွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ် “ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ YBS ယာဥ် မီးလောင်မှုကြောင့် ပြည်လမ်း ပြည်သူ့ရင်ပြင်အနီး၌ လမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ရှင်းလင်းနေပြီဖြစ်ကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။