Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တွေမှာ အုတ်နံရံပိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ဒုံပိုက်ရွာမှာ လေဘေးရှောင်ကြတဲ့ ဓမ္မာရုံပြိုကျလို့ ဒေသခံ ၁၃ ဦးသေဆုံးခဲ့ရတယ်လို့ သူရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

စစ်တွေမြို့မှာ မုန်တိုင်းမဝင်မီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
စစ်တွေမြို့မှာ မုန်တိုင်းမဝင်မီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ၊စစ်တွေမြို့မှာ မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အရာရှိ ၁ ဦး နဲ့ တပ်ဖွဲ့ဝင် ၂ဦး အုတ်နံရံပိပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်တွေကို မုန်တိုင်းတိုက်ခတ်တဲ့ မေလ ၁၄ ရက် မှာ သေဆုံးသွားတာလို့ စစ်ကောင်စီက ဆိုပါတယ်။

သေဆုံးသူ ၃ ဦးမှာ အရာရှိ ၁ ဦးပါပြီးအသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် သေဆုံးသူဟာ မနေ့က အထိ ၂ ဦးသာရှိတယ်လို့ စစ်ကောင်စီ က သတင်းထုတ်ထားပါတယ်။

မြေပြင်မှာတော့ သေဆုံးသူ ဦးရေဟာ စစ်ကောင်စီ ကိန်းဂဏန်းနဲ့ကွာဟနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်မြို့နယ် ရဲ့ မိုင် ၂၀ ခန့်အကွာ ပင်လယ်အနီးက ဒုံးပိုက်ရွာမှာ လေဘေးရှောင် ပြည်သူတွေ သေဆုံးခဲ့တာရှိပါတယ်။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ဒုံပိုက်ရွာမှာ လေဘေးရှောင်ကြတဲ့ ဓမ္မာရုံပြိုကျလို့ ဒေသခံ ၁၃ ဦးသေဆုံးခဲ့ရတယ်လို့ သူရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ