Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ၊ နယ်ခြားရွာရှိစစ်တပ်နှင့်ပျူစခန်းကိုPDFများတိုက်ခိုက်

PDFမဟာမိတ်အဖွဲ့များသည်မေလ ၇ ရက်နေ့ကလည်းမြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

(တိုက်ပွဲတစ်ခုတွင် Myingyan Rangerအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓာတ်ပုံ-Myingyan Ranger)
(တိုက်ပွဲတစ်ခုတွင် Myingyan Rangerအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓာတ်ပုံ-Myingyan Ranger)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစခန်းကို PDFမဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့​ကြောင်း မြင်းခြံခရိုင်တပ်ရင်း၂၊ တပ်ခွဲ၃ Myingyan Rangerအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းအားPDF မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မဟာမိတ်တပ်ပေါင်းစုများက စခန်းတွင်းအထိ ဝင်ရောက်နိုင်ခဲ့သော်လည်း ရာသီဥတုဆိုးရွားလာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူများဘက်က ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း၎င်းက ဆိုသည်။ စစ်သားနှင့်ပျူ ၅ ဦး​သေဆုံးမှုကို သတင်း​ပေးမှတစ်ဆင့်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ခံကဆက်​ပြောသည်။သို့​သော် စစ်သားနှင့်ပျူများ​သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“စခန်းထဲအထိ​တော့​ကျွန်​တော်တို့ထိုး​ဖောက်နိုင်ခဲ့တယ်ဗျ ။ ဒါ​ပေမယ့်ရာသီဥတုအ​ခြေအ​နေဆိုးဝါးပြီး​တော့ ​ရှေ့ဆက်မတက်နိုင်​တော့ပဲ ပြန်ဆုတ်ခဲ့ရတာဗျ။ အလက်(​သေနတ်)​တွေ က​တော့မသိမ်းနိုင်ခဲ့ဘူး ။စခန်းကိုအပြီးမသိမ်းနိုင်ခဲ့ဘူး​ပဲ​ပြောရမှာ​ပေါ့ဗျ “ဟု ပြန်ကြား​ရေးတာဝန်ခံက People’s Spring သို့​ပြောသည်။

အဆိုပါစစ်ဆင်ရေးအား Myingyan Ranger(မြင်းခြံခရိုင်တပ်ရင်း၂၊ တပ်ခွဲ၃)၊ PDF Taloke (မြင်းခြံခရိုင် တပ်ရင်း၂၊ တပ်ခွဲ ၁)၊ BGF Myingyan၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ MGN 35၊ MDY PDF၊ Moblie PDF၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ YSO-ISA၊ ကျေးရွာတပ်ပေါင်းစု-မြောင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင် မဟာမိတ်အဖွဲ့များဘက်မှအထိအခိုက်မရှိကြောင်း အသိပေးထားသည်။

PDFမဟာမိတ်အဖွဲ့များသည်မေလ ၇ ရက်နေ့ကလည်းမြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။