Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ စားနပ်ရိက္ခာထောက်ပံ့

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် KNUတပ်မဟာ(၃) နယ်မြေအပါအဝင် KNU အုပ်ချုပ်နယ်မြေများ၌ ဒေသခံ ပြည်သူ သိန်းနှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများစွာလိုအပ်နေကြောင်း KNUက အသိပေးထုတ်ပြန်ထားသည်။

(KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ - KNU)
(KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်လယ်ဒိုမြို့နယ်အတွင်းရှိ အကူအညီလိုအပ်နေသော ပြည်သူ ၄,၂၀၀ကျော်ကို ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ကြောင်း KNUက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

စစ်ဘေးရှောင်ပြည်သူများ၊ လေပြင်းမုန်တိုင်းကြောင့် နေအိမ်ပျက်စီးရသည့် ပြည်သူများ၊ အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် လူထုများ၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ နေအိမ်မီးရှို့ ဖျက်ဆီးခံရသည့်ပြည်သူများနှင့် စစ်ဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများဖြစ်ကြောင်း ဖော်ပြသည်။

(KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ - KNU)
(KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ – KNU)

အဆိုပါ အကူအညီလိုအပ်နေသည့် ပြည်သူများကို အမိုး၊ အကာများ၊ စားနပ်ရိက္ခာများ၊ စောင်နှင့် ခြင်ထောင်များကူညီခဲ့သည်ဟု ဆိုသည်။

အခြားလိုအပ်သည့် အရာများလည်းရှိသောကြောင့် အရေးပေါ်အကူအညီများစွာလိုအပ်လျက်ရှိသည်ဟု အသိပေးသည်။

(KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ - KNU)
(KNU တပ်မဟာ(၃)ရှိ စစ်ရှောင်လေးထောင်ကျော်ကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ – KNU)

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ နဲယူး၊ မတောကုန်း၊ ကရင်ဝက်လာတော၊ ဗမာဝက်လာတော၊ ကြိမ်တောမြောင်၊ ပတ္တလား၊ လယ်ဝိုင်းကြီး၊ မဘီလေး၊ ဘောကထာ၊ ကော်သာစေး၊ ငဖယ်အင်း၊ ပဒဲကော၊ ဟင်္သာဝဲ၊ ကျွန်းကြီး၊ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စသည့်ကျေးရွာများမှ အိမ်ခြေစုစုပေါင်း ၇၈၄လုံး၊ လူဦးရေစုစုပေါင်း ၄,၂၇၇ဦး တို့အားထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

Public Service Announcement