Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲသည် ပြီးခဲ့သည့်လအတွင်းကပြုလုပ်ခဲ့သော Nine Entertainment ဆုပေးပွဲတွင်လည်း ဆုနှစ်ဆုရရှိခဲ့သည်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ထိုင်းနိုင်ငံ​၏ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြားဆုပေးပွဲတွင် ဒေါင်းပါဝင်သရုပ်ဆောင်ထားသည့် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက “Best Drama Arts Element Award”ဆု ရရှိခဲ့သည်။

ယင်းရုပ်ရှင်ဆုပေးပွဲကို ဇွန်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက ဆုတစ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်းက အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သော်လည်းဆုမရရှိခဲ့ဘဲ ထိုင်းအမျိုးသားသရုပ်ဆောင်က ယင်းဆုကိုရရှိခဲ့သည်။

သို့သော်လည်း အဆိုပါဆုပေးပွဲတွင် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခြင်းဖြစ်သောကြောင့် ဒေါင်းအတွက် ဂုဏ်ယူကြောင်း ၎င်း၏ပရိသတ်များက ပြောသည်။

ယင်းပွဲကို သရုပ်ဆောင်ဒေါင်းက မြန်မာဝတ်စုံဝတ်၍ တတ်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အမာခံပရိသတ်များ၏ အမှတ်တရလက်ဆောင် ကြယ်သီး နှင့် မြန်မာပြည်မြေပုံ ရင်ထိုးတို့ကို ဝတ်ဆင်ခဲ့သည်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲသည် ပြီးခဲ့သည့်လအတွင်းကပြုလုပ်ခဲ့သော Nine Entertainment ဆုပေးပွဲတွင်လည်း ဆုနှစ်ဆုရရှိခဲ့သည်။

ယင်းဇာတ်ကားတွင် ဒေါင်းက မြဝတီမင်းကြီး ဦးစအဖြစ်ပါဝင်ထားပြီး ထိုင်းနိုင်ငံမှ အနုပညာရှင်များနှင့်အတူ သရုပ်ဆောင်ထားသည်။