Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မော်လမြိုင်နှင့် တနင်္သာရီတိုင်းကြား လမ်းမတစ်​လျှောက်ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်၍ ယာဉ်များ စစ်ဆေးမှု ကြည်ဖြူစွာလက်ခံရန် KNLA တပ်ရင်း(၂၇)ထုတ်ပြန်

KNLA တပ်ဖွဲ့များက စစ်ဆေးရန်အတွက်ခေါ်ယူရပ်တန့်သည့်အခါ မော်တော်ယာဉ်များအား ကြည်ဖြူစွာရပ်တန့်ပေး၍ အစစ်ဆေးခံပေးကြရမည်ဖြစ်ကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယာဉ်များ အနေဖြင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်အဆေးခံကြရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

▪︎စစ်ကောင်စီနှင့်ပတ်သက်သည့် လူ၊ ပစ္စည်းများ မတင်ရန်၊ အတူတကွ ယာဉ်မစီးရန် တားမြစ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် တနင်္သာရီတိုင်းကြားဆက်သွယ်ထားသည့် လမ်းမကြီးတလျှောက်ကိုထိုးဖောက်ဝင်ရောက်ထိန်းချုပ်လှုပ်ရှားနေပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLAတပ်မဟာ(၆)တပ်ရင်း(၂၇)ကကထုတ်ပြန်သည်။

ထို့ကြောင့်မော်လမြိုင်၊ မုဒုံ၊သံဖြူဇရပ်၊ ရေး၊ထားဝယ်၊ဘိတ်၊ အမှတ်(၈)လမ်းမကြီးတလျှောက် သွားလာကြသည့် မော်တော်ယာဉ်များအနေဖြင့် ဇွန်လ ၁၅ရက်မှစ၍ အမိန့်ထုတ်ပြန်ချက်အတိုင်းတိကျစွာလိုက်နာကြရမည်ဟု အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) အမှတ် (၂၇) တပ်ရင်း တပ်ရင်းမှူး စောနယ်ဒါးထူး လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ အနေဖြင့် ခရီးသွား ပြည်သူလူထုအား အကာအကွယ်ယူသွားလာအသုံးပြုနေကြသည့်အတွက် ယခုကဲ့သို့အမိန့် ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်းဖော်ပြသည်။

KNLA တပ်ဖွဲ့များက စစ်ဆေးရန်အတွက်ခေါ်ယူရပ်တန့်သည့်အခါ မော်တော်ယာဉ်များအား ကြည်ဖြူစွာရပ်တန့်ပေး၍ အစစ်ဆေးခံပေးကြရမည်ဖြစ်ကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယာဉ်များ အနေဖြင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်အဆေးခံကြရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်၀တ္ထု ပစ္စည်း ဖြစ်စေ တင်ဆောင်ခြင်း လုံး၀ မပြုလုပ်ရဟု တားမြစ်ထားသည်။

ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါခြင်း လုံး၀မပြုလုပ်ရန်လည်းသတိ​ပေးထားသည်။

အဆိုပါအမှတ်(၈) လမ်းမကြီးတလျှောက်ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်၍ ခရီးသွား ပြည်သူလူထုများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်စေရေး အတွက် အမိန့်ထုတ်ပြန်ချက်အား တိကျစွာလိုက်နာပေးရန် တပ်ရင်း(၂၇)က မေတ္တာရပ်ခံထားသည်။

အမိန့်ထုတ်ပြန်ချက်အားလိုက်နာခြင်းမရှိဘဲတစုံတရဖောက်ဖျက်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမဆို တာဝန်ယူမည်မဟုတ်ကြောင်းအသိပေးသည်။

ယခု ထုတ်ပြန်ချက် ထုတ်ပြန်သည့် KNLAတပ်ရင်း(၂၇)သည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း အဓိကလှုပ်ရှားသည့် အဖွဲ့ဖြစ်ပြီး စစ်ကေင်စီတပ်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည့် တပ်ရင်းတစ်ခုဖြစ်သည်။

“အဲဒီ တပ်ရင်းတွေကဒီဘက်အခြမ်းမှာတော့ မရှိသလောက်ပဲ”မွန်ပြည်နယ်ရှိစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

သို့ရာတွင် ယခုထုတ်ပြန်ချက်သည် စစ်ရေးအရ နည်းဗျူဟာအရထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

“ရေးနဲ့ ထားဝတ်၊ဘိတ် အဲဒီဘက်အခြမ်း တနင်္သာရီတိုင်းဘက် ကတော့ အဲဒီဘက်အခြမ်းဆိုရင် တပ်မဟာ(၄) စိုးမိုးတဲ့နယ်မြေဖြစ်တယ်။ တပ်မဟာ(၄)ထဲမှာလည်း ကျနော်သိသလောက်တော့ တပ်ရင်း ၁၀နဲ့ တပ်ရင်း ၁၁ပဲရှိတယ်။ ထုတ်ပြန်ချက်ထုတ်တဲ့ တပ်ရင်း ၂၇ ကတော့ အဲဒါလုံး၀ နားမလည်နိုင်ဘူးလေ။”ဟု မွန်ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

သို့ရာတွင် KNLA တပ်နှင့် ပူးပေါင်းနေသည့် PDF တပ်ရင်းများရှိရာ အဆိုပါတပ်ရင်များလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၎င်းကသူ၏ အမြင်ကို​ပြောသည်။